လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက်

လစဉ် လူမှု- စီးပွားသုံးသပ်ချက်

( February 2024 )

Rehmonnya Institute for Civic Engagement (RICE)

စစ်အာဏာသိမ်းမှု (၃)နှစ်တာ ကာလအတွင်း နိုင်ငံတဝှမ်းက လက်နက်ကိုင်ပဋိပက္ခများ လျှော့ကျလာခြင်းမရှိသေးပေ။ နိုင်ငံရေးဘောင်ကျဉ်းမြောင်းပြီး စစ်ရေးဘောင်ပိုမိုကျယ်ပြန့်လာသည်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်လမ်းစဉ်နှင့် ဖြေရှင်းခဲ့သော စစ်ကောင်စီအဖို့ ယနေ့အချိန်တွင် စစ်ရေးအရ အရေးနိမ့်နေပြီး နိုင်ငံရေး ထွက်ပေါက်မဲ့နေဆဲဖြစ်သည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူ များပြားနေပြီး စီးပွားရေးနှင့် လူမှုရေးကဏ္ဍများအပေါ် ကြီးမားစွာ ရိုက်ခတ်စေသည်။   ဆိုးရွားလျက်ရှိသော ငွေကြေးဖောင်းပွမှု ပြဿနာများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာများနှင့် အလုပ်အကိုင်ရှားပါးမှုပြဿနာတို့သည်လည်း အဆမတန် မြင့်တက်လာသည်။ စစ်ကောင်စီ၏ မတရားပြဋ္ဌာန်းချက်များနှင့်အတူ အဖက်ဖက်၏ ရိုတ်ခတ်မှုဒဏ်ကို အလူးအလဲ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြည်သူများအား  ဆင်းရဲတွင်းမှ ပိုမိုနစ်မွန်းစေခဲ့သည်။ လွတ်လပ်မှု မရှိတော့သည့်တိုင်းပြည်၊ အဖက်ဖက်မှ ပြိုကျပျက်စီးနေသော တိုင်းပြည်၊ ကျရှုံးနိုင်ငံတော် (Failed State )အဖြစ် ရောက်ရှိနေသည့် တိုင်းပြည်ဟု ဆိုရပေမည်။ စစ်အာဏာရှင်စနစ်မပြုတ်ကျသရွေ့  အာဏာရှင်များ၏ဖိနှိပ်မှုအောက်မှ  ဘယ်သောအခါမှ  လွတ်ကင်းနိုင်မည် မဟုတ်ပေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply