စစ်အာဏာသိမ်းမှု(၃)နှစ်ကျော်ကြာရှိသော်လည်း အပြုသဘောဆောင်သော တိုးတက်ပြောင်းလဲမှုများနှင့် ဝေးကွာလျက်ရှိသည်။ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသောပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍတို့သည်ဆိုးရွားသထက်ဆိုးရွားလာသည်။ ပြည်တွင်းစစ်ရေးပဋိပက္ခပြင်းထန်လာမှုနှင့်အတူ လိုက်ပါပြောင်းလဲသောအခြေအနေများကိုယခု လူမှု-စီးပွား သုံးသပ်ချက်တွင် လေ့လာဖတ်ရှု့နိုင်သည်။ ဤလသုံးသပ်ချက်စာတမ်းတွင် လက်နက်ကိုင်ပဋိပက္ခ အရှိန်အဟုန် တရိပ်ရိပ် ကောင်းလာသောမြန်မာပြည်တောင်ပိုင်းရှိ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုအခြေအနေများအကြောင်း၊ အပူဒဏ်လွန်ကဲခြင်းကြောင့် ဒေသခံပြည်သူများကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများအကြောင်း၊ အိုးအိမ်းပစ္စည်းဥစ္စာများကိုစွန့်ခွာပြီး ပူပြင်းလွန်းသည့် ရာသီဥတုအောက်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များ၏အခြေအနေများနှင့်ပြည်တွင်းမငြိမ်မသက်မှုကြောင့် ပြည်တွင်းစီးပွားရေး ပိုမိုအကြပ်ဆိုက်လာမှုနှင့်အတူ အကြမ်းဖက်စစ်တပ်နှင့်လက်တွဲလုပ်ဆောင်နေသည့် နိုင်ငံခြားကုမ္ပဏီများ၏ အဆုံးရှုံးပေါ်နေမှု အခြေအနေများနှင့် စသည့် အကြောင်းအရာများကို ယခုဧပြီလသုံးသပ်ချက်စာတမ်းတွင် အဓိကထား မီးမောင်းထိုးပြထားပါသည်။