ယ္ခုစာတမ်းသည် ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာနမှ စုစည်းရရှိထားသည့် မွန်ပြည်အတွင်းရှိ ဇန်နဝါရီတစ်လတာ စစ်ရေးဆိုင်ရာသတင်းများအနက် သိသင့်သိထိုက်သော အကြောင်းအရာအချို့ကိုသာ သုံးသပ်တင်ပြထားသည်။ မြေပြင်ရှိ စစ်ကောင်စီကို ဆန့်ကျင်နေသော မွန်တပ်များအားလုံး ပါဝင်ခဲ့သည့် ကျုံလောင်းရွာတိုက်ပွဲနှင့် မွန်တပ်များ ပေါင်းစည်းမှုအကြောင်းအပြင် မွန်ပြည်အတွင်း စစ်ကောင်စီ၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှု စသည့်အကြောင်းအရာကိုပါ ယ္ခုသုံးသပ်ချက်စာတမ်းအတွင်း ဖော်ပြထားသည်။
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။