❝လစဉ် ဒေတာအစီရင်ခံစာ l  မတ်လ ❞

❝လစဉ် ဒေတာအစီရင်ခံစာ l မတ်လ ❞

❝လစဉ် ဒေတာအစီရင်ခံစာ❞
( မတ်လ ၊ ၂၀၂၅ ခုနှစ် )
■မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာမှုနှင့်အတူ နိုင်ငံအနှံ့အပြားက လက်နက်ကိုင်တိုက်ပွဲ များကျယ်ပြန့်လာပြီး အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများလည်း ပိုမို ဆိုးရွားလာ သည်။ မိမိတို့ ရာမညအင်စတီကျုသုတေသနဌာန (RICE) မှ မြန်မာပြည် တောင်ပိုင်းရှိ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်နှင့်တပြေးညီ ပြောင်းလဲနေသော ဒေတာအချက်အလက်များကို ပြည်သူများ သိရှိရန်ရည်ရွယ်၍ တစုတစည်း တည်း စုစည်းတင်ပြထား ခြင်းဖြစ်သည်။ RICE မှ ကောက်ယူထားသော ဒေတာအချက်အလက်များ သည် မိမိတို့ လက်လှမ်းမှီရာ လွတ်လပ်သော သတင်းမီဒီယာများအပေါ်အခြေခံ၍ ပြန်လည် ပြုစုထားသည့် အချက်အလက်များ ဖြစ်သောကြောင့် မြေပြင်အခြေအနေနှင့် အနည်းငယ်ကွာဟမှု ရှိနိုင်ပါသည်။ လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ပွားသည့်ဖြစ်စဥ်အရေအတွက်၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှု၊ မီးလောင်မှု၊ အရပ်သားထိခိုက်မှု၊ သေဆုံးမှုနှင့်အရပ်သားဖမ်းဆီးခံရမှု အရေအတွက်များအား အောက်တွင် ဖတ်ရှုနိုင်ပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply