❝လစဉ် ဒေတာအစီရင်ခံစာ❞(မေလ ၊ ၂၀၂၅ ခုနှစ်)

❝လစဉ် ဒေတာအစီရင်ခံစာ❞(မေလ ၊ ၂၀၂၅ ခုနှစ်)

❝လစဉ် ဒေတာအစီရင်ခံစာ❞

မေလ ၊ ၂၀၂၅ ခုနှစ်

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာမှုနှင့်အတူ နိုင်ငံအနှံ့အပြားကလက်နက်ကိုင် တိုက်ပွဲများကျယ်ပြန့်လာပြီး အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ လည်း ပိုမိုဆိုးရွားလာသည်။ မိမိတို့ ရာမညအင်စတီကျုသုတေသနဌာန(RICE)မှ မြန်မာပြည် တောင်ပိုင်းရှိ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အချိန် နှင့်တပြေးညီ ပြောင်းလဲနေသော ဒေတာအချက်အလက်များကို ပြည်သူများ သိရှိရန်ရည်ရွယ် ၍ တစုတစည်းတည်း စုစည်းတင်ပြထားခြင်းဖြစ်သည်။ RICE မှ ကောက်ယူထားသော ဒေတာ အချက်အလက်များသည် မိမိတို့လက်လှမ်းမှီရာ လွတ်လပ်သောသတင်းမီဒီယာများအပေါ် အခြေခံ၍ ပြန်လည်ပြုစုထားသည့် အချက်အလက်များ ဖြစ်သောကြောင့် မြေပြင်အခြေအနေ နှင့်အနည်းငယ်ကွာဟမှု ရှိနိုင်ပါသည်။ မေလအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ပွားသည့် ဖြစ်စဥ်အရေအတွက် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်ထိခိုက်ပျက် စီးမှု၊ မီးလောင်မှု၊ အရပ်သားထိခိုက်မှု၊ သေဆုံးမှုနှင့် အရပ်သားဖမ်းဆီးခံရမှု အရေအတွက် များအား အောက်တွင် ဖတ်ရှုနိုင်ပါသည်။

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply