❝ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကလေးအခွင့်အရေးနှင့် ပညာရေးအပေါ် သက်ရောက်မှုများလာခြင်း ❞
⁌ လစဉ် | လူမှုစီးပွား သုံးသပ်ချက် ⁍
‣ ၂၀၂၅ ခုနှစ်၊ ဇွန်လ လူမှုစီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ချက် အစီရင်ခံစာတွင် မွန်ပြည်နယ်အပြင် ၎င်းဒေသနှင့် ဆက်စပ်သော လူမှုစီးပွားရေးအခြေအနေများကို လေ့လာတင်ပြထားပါသည်။ ထိုအကြောင်းအရာများထဲတွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ကောင်းမွန်နေသောဒေသများတွင် မြေယာဥပဒေအရ အခြားနည်းနှင့်သုံးစွဲရန် ခွင့်ပြုချက်မရှိသည့်မြေများကို အကွက်ရိုက် ရောင်းချလာခြင်း၊ လိုင်စင်မဲ့ယာဉ်များ ရှာဖွေဖမ်းဆီးမှုရှိသော်လည်း လိုင်စင်မဲ့ယာဉ်ရောင်းဝယ်မှုများကို ခွင့်ပြုထားခြင်း၊ အာဏာသိမ်းပြီး(၄)နှစ်ကြာချိန် ရွှေတစ်ကျပ်သား သိန်း(၈၀)ကျော် စျေးနှုန်းမြင့်မားလာခြင်း၊ ပညာသင်ကြားနေသော အပြစ်မဲ့ကလေးနှင့် ပြည်သူများ၏ သေဆုံးမှုနှုန်းဆက်လက်မြင့်တက်လာခြင်း၊ စစ်ဘေးရှောင်ပြည်သူများတိုးလာပြီး ကူညီဖြေရှင်းမှု မရှိဘဲ ဉပက္ခာပြုထားခြင်းစသည့် စစ်ကောင်စီအုပ်ချုပ်သည့်ကာလအတွင်း နိုင်ငံ့လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်လာမှု မြင့်မားလာသည့် အကြောင်းအရာများကို အောက်တွင်လေ့လာဖတ်ရှုနိုင်ပါသည်။ ထို့အတူ မိုးတွင်းကာလတွင် အထူးသတိထား ရမည့် ကျန်းမာရေးအခန်းခဏ္ဍများကိုလည်း ဖော်ပြထားသည်။
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။
Watch on youtube: