စက်သုံးဆီပြဿနာ – မွန်လွှတ်တော်မှာ အဖြေရှာနိုင်မလား?

စက်သုံးဆီပြဿနာ – မွန်လွှတ်တော်မှာ အဖြေရှာနိုင်မလား?

နိဒါန်း (Introduction)

၂၀၂၆ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားနေသော အီရန်စစ်ပွဲနှင့် စစ်ရေးပဋိပက္ခများသည် ကမ္ဘာ့ရေနံနှင့်လောင်စာဆီ ဈေးကွက်ကို ကြီးမားစွာ တုန်လှုပ်စေခဲ့ပါသည်။ဤကမ္ဘာ့အဆင့်အကျပ် အတည်း၏ တိုက်ရိုက်အကျိုးဆက်များသည် နယ်စပ်ဖြတ်ကျော်ကာ မွန်ပြည်နယ်အတွင်းသို့ အရှိန် အဟုန်ဖြင့် ရောက်ရှိလာခဲ့ပါသည်။ နိုင်ငံတကာ ရေနံဈေးနှုန်း မြင့်တက်မှုနှင့်အတူ ပြည်တွင်း၌ စက်သုံးဆီ ပြတ်လပ်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်လာပြီး အစိုးရ၏ စီမံခန့်ခွဲမှုဆိုင်ရာ ကန့်သတ်ချက်များဖြစ်သော “စုံ/မ စနစ်” နှင့် “ဝယ်ယူခွင့်ပမာဏ ကန့်သတ်ခြင်း” တို့သည် ပြည်သူလူထု၏ နေ့စဉ်လူမှုဘဝကို တိုက်ရိုက် ခြိမ်းခြောက်လာပါသည်။

ဤအစီရင်ခံစာသည် ကမ္ဘာ့ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော စက်သုံးဆီအကျပ်အတည်းက မွန်ပြည်နယ် ရှိဒေသခံများ၏ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများအပေါ် မည်မျှအထိ နက်ရှိုင်းစွာ ရိုက်ခတ် နေသနည်းဆိုသည်ကို မြေပြင်စစ်တမ်းရလဒ်များနှင့် ဖြစ်ရပ်မှန် သတင်းအချက်အလက်များကို အခြေခံ၍ ဆန်းစစ်ထားပါသည်။ အထူးသဖြင့် အစီရင်ခံစာ၏ နောက်ဆုံးအပိုင်းတွင် အသစ်ပေါ်ပေါက်လာသည့် မွန်ပြည်နယ် လွှတ်တော် အနေဖြင့် အစိုးရ၏ မူဝါဒအမှားများကို ထိရောက်စွာ ထိန်းညှိပေးနိုင်ရန် (Check and Balance) အတွက် ပြည်သူလူထု၏ တိုက်ရိုက်တောင်းဆိုချက်များနှင့် မူဝါဒဆိုင်ရာ အကြံပြုချက် များကိုပါ ပွင့်လင်းစွာ ထည့်သွင်းတင်ပြထားပါသည်။ ဤသုံးသပ်ချက်အစီရင်ခံစာကို အချက်အလက် တိကျမှန်ကန်စေရန်နှင့် ခိုင်မာသော သက်သေအထောက်အထားများ ဖြစ်စေရန်အတွက် အောက်ပါ နည်းလမ်းများအတိုင်း စနစ်တကျ ပြုစုထားပါသည်။

Flip Book ဖြင့်ဖတ်ရန်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply