လူမှုစီးပွားဆိုင်ရာသုံးသပ်ချက်
ဧပြီလ၊ ၂၀၂၆ ခုနှစ်
၂၀၂၆ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေး တင်းမာမှုများ (အီရန်-အစ္စရေး ပဋိပက္ခ) လျော့ပါးသွားသော်လည်း၊ မြန်မာနိုင်ငံ၏ လူမှု-စီးပွား အခြေအနေမှာမူ ယင်း၏နောက်ဆက်တွဲ ရိုက်ခတ်မှု ဒဏ်ကို ဆက်လက်ခါးစည်းခံနေရဆဲဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့သော ဒေသတွင်း နိုင်ငံများတွင် လောင်စာဆီပြတ်လပ်မှုမရှိစေရန် မူဝါဒပိုင်းဆိုင်ရာ စနစ်တကျထိန်းကျောင်းနိုင်သော်လည်း၊ မြန်မာနိုင်ငံ တွင်မူ စက်သုံးဆီရရှိမှု ခက်ခဲကြပ်တည်းနေခြင်းက ကမ္ဘာ့စျေးကွက်ဂယက်ထက် ပြည်တွင်းမူဝါဒ စီမံခန့်ခွဲမှု အလွဲအချော်များနှင့် စျေးကွက်ယန္တရားကို ကန့်သတ်ချုပ်ကိုင်ထားမှုများက အဓိကအဟန့်အတားဖြစ်နေ ကြောင်း ပြသနေသည်။
ဤကဲ့သို့ စွမ်းအင်ကဏ္ဍ အကျပ်အတည်းသည် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု လျော့နည်း လာခြင်း၊ စွမ်းအင်ဝန်ဆောင်မှုစရိတ်နှင့် အထွေထွေကုန်စျေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းတို့ကို ဆင့်ကဲဖြစ် ပေါ်စေခဲ့သည်။ ယင်းဖြစ်စဉ်သည် ပြည်သူတို့၏ နေ့စဉ် စားဝတ်နေရေးအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက၊ လူမှု-စီးပွား-Resilience ကိုပါ ထိခိုက်လျက်ရှိရာ၊ အဆိုပါ အခြေအနေများနှင့် ပတ်သက် ၍ အောက်ပါအတိုင်း အသေးစိတ် ဆန်းစစ်တင်ပြအပ်ပါသည်။
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်သည်။
