မဖြေရှင်းနိုင်သောကုန်ဈေးနှုန်းနှင့် ထပ်တိုးလာသော မီတာခဝန်ထုပ်ဝန်ပိုး

မဖြေရှင်းနိုင်သောကုန်ဈေးနှုန်းနှင့် ထပ်တိုးလာသော မီတာခဝန်ထုပ်ဝန်ပိုး

လူမှုစီးပွားဆိုင်ရာသုံးသပ်ချက် ဧပြီလ၊ ၂၀၂၆ ခုနှစ် ၂၀၂၆ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေး တင်းမာမှုများ (အီရန်-အစ္စရေး ပဋိပက္ခ) လျော့ပါးသွားသော်လည်း၊ မြန်မာနိုင်ငံ၏ လူမှု-စီးပွား အခြေအနေမှာမူ ယင်း၏နောက်ဆက်တွဲ ရိုက်ခတ်မှု ဒဏ်ကို ဆက်လက်ခါးစည်းခံနေရဆဲဖြစ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့သော ဒေသတွင်း နိုင်ငံများတွင် လောင်စာဆီပြတ်လပ်မှုမရှိစေရန် မူဝါဒပိုင်းဆိုင်ရာ စနစ်တကျထိန်းကျောင်းနိုင်သော်လည်း၊ မြန်မာနိုင်ငံ တွင်မူ စက်သုံးဆီရရှိမှု ခက်ခဲကြပ်တည်းနေခြင်းက…
မြန်မာ့အရေးအပေါ် ထိုင်းနိုင်ငံ၏ လက်တွေ့ကျသော တုံ့ပြန်မှု

မြန်မာ့အရေးအပေါ် ထိုင်းနိုင်ငံ၏ လက်တွေ့ကျသော တုံ့ပြန်မှု

နိဒါန်း

မြန်မာနိုင်ငံ၏ (၂၀၂၆) ခုနှစ် အစောပိုင်းကာလသည် စစ်အုပ်စု ဦးဆောင်သည့် အုပ်ချုပ်သူအသစ် (ဝါ) အစိုးရအသစ်၊ လွှတ်တော်အသစ်များနှင့်အတူ နိုင်ငံရေးအကူးအပြောင်းကာလတစ်ခုအား ဖြတ်သန်းနေသည့် အခြေအနေဖြစ်သည်။  ဤကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရေးနှင့် မြန်မာကိုယ်တိုင်ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပေါ်ထွန်းလာရေးတို့ကိုသာ တိုက်တွန်းပြောဆိုလျက်ရှိကြသည်။  သို့ရာတွင် အဆိုပါ နိုင်ငံတကာတုံ့ပြန်မှုများအနက် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ မြန်မာ့အရေးအပေါ် ချဉ်းကပ်ပုံမှာ မြေပြင်အခြေအနေအပေါ် ပိုမိုအခြေခံနေသည်ကို (၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်မှ မတ်လ (၁၉) ရက်အတွင်း ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအရ လေ့လာတွေ့ရှိရသည်။

ဤသုံးသပ်ချက်စာတမ်းတွင် ထိုင်းနိုင်ငံ၏ တွေ့ဆုံချဥ်းကပ်မှုသည် နိုင်ငံရေးအရ အသိအမှတ်ပြုခြင်းလော။ နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများ၊  နိုင်ငံတကာပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံးဆီအကျပ်အတည်းကဲ့သို့သော လူသားလုံခြုံရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ စသည့် ရှုထောင့်အသီးသီးမှနေ၍ ထိုင်းနိုင်ငံ၏ ခြေလှမ်းများကို လေ့လာသုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။

ငြိမ်းချမ်း‌‌ရေးသုံးသပ်ချက်(‌‌သြဂုတ်လ)

ငြိမ်းချမ်း‌‌ရေးသုံးသပ်ချက်(‌‌သြဂုတ်လ)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်တွင် အတောမသတ်နိုင်သည့် လက်နက်ကိုင်တော်လှန်ရေးက တဟုန်ထိုး ထပ်မံကြီးထွားလာသည်။ ထိုအခြေအနေကို မထိန်းချုပ်နိုင်တော့၍ နစက စစ်ကောင်စီဥက္ကဌက ယခုနှစ် (၂၀၂၂)သည် ငြိမ်းချမ်းရေးနှစ်ဖြစ်သည်ဟုဆိုကာ လက်နက်ကိုင်တော်လှန်ရေးကို အဆုံးသတ်ရန် ကြံစည်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs)တချို့အား မက်လုံးပေးညှိနှိုင်း၍ အခြေအနေ တည်ငြိမ်နေသယောင် ကြိုးပမ်းသည်။ စစ်ကောင်စီက ငြိမ်းချမ်းရေးဟု ပြောဆိုနေသော်လည်း အောက်ခြေတွင် ၎င်းတို့တပ်ဖွဲ့ဝင်များက  တော်လှန်ရေးအင်အားစုများကို…
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ (၈)ရက်နေ့အထိ

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ (၈)ရက်နေ့အထိ

ရာမညအင်စတီကျူနိုင်ငံရေးသုတေသနဌာနမှ အပတ်စဥ် ဒီမိုကရေစီအရေး၊ အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနှင့် စစ်ရေးပဋိပက္ခများ၊ နိုင်ငံတကာတုံ့ပြန်မှုများကို သုတေသနပြုလုပ်၍ သုံးသပ်ချက်များ ရေးသားဖော်ပြထားသည်။