၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ တစ်လတာအတွင်း မွန်ပြည်နယ် အခြေအနေတစ်ခုလုံးကို ဘက်ပေါင်းစုံမှ စုစည်းလေ့လာရာတွင် တိုက်ပွဲဖြစ်ပွားနေသော ဒေသများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒေသဆို၍ နှစ်မျိုးကွဲပြားနေပါသည်။ ပြည်နယ်အတွင်း အခြေခံကုန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်နေခြင်း၊ စက်သုံးဆီနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဆိုးရွားလာခြင်းတို့ကြောင့် ပြည်သူများမှာ ဝင်ငွေနှင့် ထွက်ငွေ မမျှတတော့ဘဲ အခြေခံလက်လုပ်လက်စားများမှာ ထမင်းစားရန်ပင် ခက်ခဲသည့် အခြေအနေကိုလည်း တွေ့ရှိရသည်။ ထို့အပြင် သွင်းကုန်ကန့်သတ်ချက်များနှင့် မှောင်ခိုဈေးကွက် ကြီးထွားလာမှု၊ အာဏာပိုင်များ၏ အဂတိလိုက်စားမှုနှင့် ဂိတ်ကြေးကောက်ခံမှုများက ဒေသခံတို့၏ လူမှု-စီးပွားဘဝတိုးတက်လာမှု အလားလာမတွေ့ရသေးပေ။ လက်ရှိတွင် ကျန်းမာရေးဆိုင်ရာ အထူးသတိနေရသည့်အနေအထားဖြစ်နေပြီး စူပါအယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန် စံချိန်တင် မြင့်တက်လာကာ အပူလျှပ်၍ ရုတ်တရက် သေဆုံးခဲ့ရသူ စတင်ဖြစ်ပွားနေသည့် တွေ့ရှိချက်များကို ဤအစီရင်ခံစာတွင် အသေးစိတ် လေ့လာနိုင်ပါသည်။
Flipbook (အစက်သုံးစက်) ကို ဖွင့်၍ Download ရယူနိုင်သည်။
