မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(August 2023 လအတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civic Engagement (RICE)

၂၀၂၁ စစ်အာဏာသိမ်းမှုသည် အဖက်ဖက်ကို ပြိုလဲပျက်စီးစေသည်။ အာဏာသိမ်းမှု သက်တမ်း ၃ နှစ်ရှိဖြစ်သော်လည်း တိုင်းပြည်သည် ယနေ့အထိ တိုးတက်ပြောင်းလဲလာသည့် အရိပ်အယောင်မျှ မတွေ့ရသေးပေ။ နိုင်ငံတဝှမ်းက လက်နက်တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။ ၎င်း၏ အကျိုးအဆက်ကြောင့် စီးပွားရေးကဏ္ဍ ပြိုလဲပျက်စီးပြီး ငွေကြေးဖောင်းပွမှု ပြဿနာများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြဿနာများ၊ အလုပ်ကိုင်ရှားပါးမှု ပြဿနာများ၊ ငတ်မွတ်မှုပြဿနာများကို အခြေခံ လူတန်းစား ပြည်သူများက ယနေ့အထိ ခံစားရလျက်ရှိသည်။  ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍကို ကြည့်ခြင်းအားဖြင့် လူတိုင်း လက်လှမ်းမှီသော ပညာရေးစနစ်၊ ကျန်းမာရေး စနစ်နှင့် ဝေးကွာလျက်ရှိသည်။ အထူးသဖြင့် စစ်ဘေးသင့်ဒေသမှ စစ်ဘေးရှောင် ကလေးများသည် ပညာသင်ယူခွင့် အခွင့်အရေးနှင့် ကျန်းမာရေးစောက်ရှောက်ခွင့် အခွင့်အရေးများ ဆုံးရှုံးနေဆဲဖြစ်သည်။  ထို့အပြင် တရားဥပဒေစိုးမိုမှု ပြိုလဲပျက်စီးပြီး ဥပဒေမဲ့သတ်ဖြတ်မှု၊ခိုးမှု၊ လုယက်မှုနှင့် အနုကြမ်းစီးမှုဖြစ်စဉ်တို့သည် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ဖြစ်ကိုယ်ခံ အခြေအနေသို့ ဆိုက်ရောက်နေပြီး ကျရှုံးနိုင်ငံတော်အဖြစ်သို့ ဦးတည်နေဆဲဖြစ်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply