Skip to content
Posted by
Rice
” ထိုင်းနိုင်ငံ၏ သံတမန်ရေး ချိန်ခွင်လျှာ “
နိုင်ငံတကာ တုံ့ပြန်မှု ကဏ္ဍ
အပတ်စဉ် | ငြိမ်းချမ်းရေးသုံးသပ်ချက်
အောက်တိုဘာလ ၂၁ရက်နေ့ ၊ ၂၀၂၅ ခုနှစ်
ဆယ်စုနှစ်တခု ပြည့်မြောက်ခဲ့ပြီဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာလ (၁၅) ရက်နေ့မှစ၍ (၃) ရက်ကြာ နေပြည်တော်တွင် ကျင်းပခဲ့ သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းတို့၏ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်ကို တွေ့ရသည်။ NCA အခမ်းအနားသို့ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က လက်ရှိရာထူးထမ်းဆောင်နေသော အဆင့်မြင့်တရားဝင် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သော်လည်း ထိုင်းနိုင်ငံကမူ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဟောင်းဖြစ်သူ Mr. Pisanu Suvanajata ကိုသာ စေလွှတ်ခဲ့သည်ဟု ပြည်တွင်းအခြေစိုက်မီဒီယာများက ဖော်ပြ ထားသည်ကို တွေ့ရ သည်။[1] နိုင်ငံတကာဆက်ဆံရေး (International Relations) ရှုထောင့်အရ နိုင်ငံတစ်နိုင်ငံ၏ အစိုးရဌာနတစ်ခုမှ အနားယူသွားသော အငြိမ်းစားပုဂ္ဂိုလ်များသည် ၄င်းနိုင်ငံ၏ လက်ရှိအစိုးရအား တိုက်ရိုက် ကိုယ်စားမပြုပါ။ သို့သော် လည်း မူဝါဒသဘောထား (Policy Stance) ကို သွယ်ဝိုက်၍ ကိုယ်စားပြုနိုင်ပါသည်။ Mr. Pisanu Suvanajata သည် (၂၀၁၂) ခုနှစ်မှ (၂၀၁၇) ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူဖြစ် သည်။
[1]YarmanyaTimes, October 16, 2025: NCA လက်မှတ်ရေးထိုးခြင်းမှာ စာရွက်စာတမ်းတစ်ခုကို လက်မှတ်ရေးထိုးရုံ မဟုတ်ဘဲ မြန်မာပြည်သူအားလုံး ပိုင်ဆိုင်နိုင်မည့်အနာဂတ်အတွက် တံခါးတစ်ခု ဖွင့်လှစ်နိုင်ခြင်းဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ်ပြော။ Link
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။
Related
Scroll to Top