မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်

0

မြန်မာနိုင်ငံ၏ လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(May 2023 အတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civi Engagement (RICE)

 

အကျဉ်းချုပ်

စစ်အာဏာရှင်များသည် ၁၉၄၇ခုနှစ်မှ ချုပ်ဆိုခဲ့သော ပင်လုံကတိကဝတ်များကို မျက်ကွယ်ပြုကာ တိုင်းပြည်ကို အာဏာရှင်ပီပီ အုပ်ချုပ်ခဲ့သည်။ ပြည်ထောင်စု မပြိုကွဲရေး၏ ဆောင်းပုဒ်အောက်တွင် မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးကာ တိုင်းရင်းသား လူနည်းစုများကို ဖိနှိပ်အုပ်ချုပ်ခဲ့သည်။  အာဏာရှင်စနစ် ခေတ်အဆက်ဆက်တွင်  တိုင်းပြည်တိုးတက်ရေးထက် ၎င်းတို့ အာဏာတည်မြဲရေးကိုသာ ဦးစားပေးပေသည်။ ပြည်တွင်းစစ်သာ ပိုမိုကြီးထွားလာခဲ့သည်။

    ယခုအခါ ၂၀၂၁ စစ်အုပ်ချုပ်ရေးအသွင်သို့ တဖန်ကူးပြောင်းလာပြီးနောက် ပြည်တွင်းစစ် အရှိန်အဟုန်သည် ယခင်ထက် ပိုမိုပြင်ထန်လာခဲ့သည်။ ပြည်တွင်းစစ်နှင့် လုံးပန်းရင်း အဖက်ဖက်မှ ပြိုလဲပျက်စီးပြီး အာရှနိုင်ငံများကြားသာမက ကမ္ဘာ့နိုင်ငံအလည်တွင် ယနေ့အထိနောက်ကျ ကျန်ရစ်ဆဲပင်ဖြစ်သည်။ စစ်အာဏာသိမ်းမှု (၂)နှစ်ကျော် ကြာရှိပြီးဖြစ်သော်လည်း  တိုင်းပြည်သည် ပြိုလဲပျက်စီး သည့်အခြေအနေမှ  ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ နိုင်ငံအနှံ့အပြားတွင် လက်နက် ကိုင်တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး တိုက်ပွဲများကြောင့် သွေးထွက်သံယို သေကျေပျက်စီးမှုများနှင့်အတူ ပြည်တွင်းပြည်ပ စစ်ပြေးရှောင်ဒုက္ခသည် အရေအတွက်သည်လည်း(၄. ၂) ကျော် အထိ ရှိလာသည်။  စစ်ရေးပိုမိုပြင်းထန်လာမှုကြောင့် ပြည်သူများ ဒုက္ခအသွယ်သွယ်မှ အလူးအလဲခံစားနေရပြီး အခြေခံအခွင့်အရေးများ၊ ဒီမိုကရေစီအခွင့်အရေးများသည် လုံးဝပျက် သုဉ်းသွားသည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများသည်လည်း နေ့စဉ်နှင့်အမျှ တိုးပွားလျက်ရှိသည်။ လူ့အခွင့်အရေး၊ စစ်ရာဇာဝတ်မှုနှင့် ဆန့်ကျင်သောလုပ်ရပ်များကို စစ်ကောင်စီဘက်တွင်သာမက အချို့သော တော်လှန်ရေး အင်အားစုများပါ ဆက်လက် ကျူးလွန်နေသည်ကို တွေ့ရသည်။ သွေးထွက်သံယို ပဋိပက္ခများအကြားတွင်  အပြစ်မဲ့ပြည်သူ များ မြေစာပင် ဖြစ်နေသည်။

   ပြင်းထန်သော ပဋိပက္ခအကျိုးအဆက်များကြောင့် ဈေးကွက်စီးပွားရေးစနစ် ပျက်စီးပြီ ငွေကြေးဖောင်ပွမှု ပြဿနာများ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း ပြဿနာများနှင့်  အလုပ်လက်မဲ့ပြဿနာများကို အခြေခံလူတန်းစား ပြည်သူများက  ယနေ့အထိ အလူးအလဲခံစားလျက်ရှိသည်။ လူမှုရေး (ပညာရေးနှင့် ကျန်းမာရေး) ကဏ္ဍသည်လည်း အခြားကဏ္ဍနှင့် နည်းတူ ယိုယွင်းပျက်စီးခဲ့ရာမှ () နှစ်နီးပါး ရှိလာပြီးဖြစ်သည်။ လူတိုင်းလက်လှမ်းမှီသော ပညာရေးစနစ်၊ ကျန်းမာရေးစနစ်နှင့် ဆက်လက် ဝေးကွာနေဆဲပင် ဖြစ်သည်။ အာဏာသိမ်းမှု၏ ရိုက်ခတ်မှုကြောင့် ပြည်တွင်းမတည်ငြိမ်မှုနှင့်အတူ တရားဥပဒေစိုးမိုးမှုသည်လည်း လုံးဝ ပြိုလဲပျက်စီးသွားပြီး သုညအဆင့်သို့ ရောက်ရှိနေသည်။ ပြည်သူများ၏ လုံခြုံမှု အခြေအနေများ ဆိုးသထက် ဆိုးလာပြီး ခိုးမှု၊ အနုကြမ်းစီးမှု၊ လုယက်မှုနှင့် လူသတ်မှုများသည် သိသာထင်ရှားစွာ ယခင်ထက် များပြားလာသည်။

Share.

About Author

Leave a Reply