မာရဝိဇယဘုရား အနေကဇာတင်သည့်နေ့ဖြစ်သည်။ သြဂုတ်လ(၁)ရက်နေ့၊ ဒုတိယဝါဆို လပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်ဟု ဆိုကာ နစက က (၆) လ သက်တမ်းတိုး ပြီးပြီးချင်း အမိန့်စာများ ဒလပြွတ် ထုတ်ပြန်ခဲ့သည်။ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဥ်းသားအချို့အား ပြစ်ဒဏ်လွတ်ငြိမ်း၊သက်သာခွင့်များ ပေးအပ်ခဲ့သည်။ သက်တမ်းတိုးပြီး တဆက်တည်းမှာပင် စစ်ကောင်စီက ၎င်းတို့၏ အစိုးရအဖွဲ့ဝင်အချို့တို့ကို နေရာအပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ အုပ်ချုပ်ရေးအကြီးအကဲများဖြစ်ကြသော ဒုတိယဝန်ကြီးချုပ်မှစ၍ ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် အခြားဝန်ကြီးဌာနဆိုင်ရာ အရာရှိများကိုလည်း ပြောင်းရွှေ့ထုတ်ပယ်၊ အသစ်ခန့်အပ်မှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ကောင်စီက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက်ဆိုပြီး သြဂုတ်လ ၁ ရက်နေ့တွင် ၎င်းတို့ ဖမ်းဆီးထောင်ချထားသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင် ၁၆ ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း နှစ်ဖက်ကြား စစ်ရေးဆက်လက် တင်းမာနေသည်။ မြန်မာစစ်တပ်၏ စစ်လက်နက်ပစ္စည်းဝယ်ယူမှုနှင့် ပါဝင်ပတ်သက်နေသော မြန်မာဘဏ် (၂) ခုကို အမေရိကန်က အရေးယူဒဏ်ခတ်လိုက်သည့်အကြောင်းနှင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ မှတ်ချက်ကို နောက်ဆုံးတွင် ဖော်ပြထားသည်။
Flip Book တွင် ဆက်လက်ဖတ်ရှုရန်။