လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်
This photo taken on January 14, 2023 shows waste collectors paddling polystyrene boats as they look for plastic and glass to recycle in Pazundaung Creek in Yangon. Dozens of Myanmar waste collectors are taking to the murky waters of a Yangon creek after being driven to find work by a post-coup economic crisis. (Photo by Sai Aung MAIN / AFP) / To go with 'MYANMAR-ENVIRONMENT-POLLUTION-WATER, PHOTOESSAY'

လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်

လစဉ် လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်များ

(September 2023 လအတွင်း  မြန်မာနိုင်ငံ၏  လူမှုရေးနှင့် စီးပွားရေး သုံးသပ်ချက်)

Rehmonnya Institute For Civic Engagement (RICE)

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များ၏ ကြီးစိုးမှုသည် အတော်ပင် သက်ဆိုးရှည်လှသည်။  စစ်အာဏာရှင်များသည် ဒီမိုကရေစီစံတန်ဖိုးများကို ဆန့်ကျင်ပြီး တိုင်းပြည်ကို စိတ်ကြိုက်ရာ ချယ်လှယ်အုပ်ချုပ်ခဲ့သည်။ ၎င်းတို့အုပ်ချုပ်မှု သက်တမ်းတစ်လျှောက်တွင် တိုင်းပြည်တိုးတက်ရေးထက် အာဏာတည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွားအတွက်သာ ပိုမိုဦးစားပေးပေသည်။ စီးပွားရေး၊လူမှုရေးများ အလဲလဲအပြိုပြိုဖြစ်ခဲ့ရပြီး နိုင်ငံရေးအခွင့်အရေးများ ဆုံးရှုံးခဲ့သည်။ လူသားတိုင်း ခံစားပိုင်ခွင့်ရှိသော အခြေခံအခွင့်အရေး၊ မွေးရာပါ လူ့အခွင့်အရေးနှင့်် လုံခြုံစွာ အသက်ရှင်ပိုင်ခွင့်တို့သည် ဥပဒေဘောင်အောက်တွင် တားဆီးပိတ်ပင်ခံရသည်။

၂၀၂၁ အာဏာသိမ်းမှုသည် ယခင်အာဏာသိမ်းမှုများနှင့်နည်းတူ အဖက်ဖက်မှ ဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံတဝှမ်းက ခုခံတော်လှန်စစ်များ ပြင်းထန်ပြီး ပြည်တွင်းစစ်မီးများ အားကောင်း တောက်လောင်နေဆဲဖြစ်သည်။ လွန်ကဲသော လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်တွင်းမ တည်ငြိမ်မှုတို့သည် စီးပွားရေး၊လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးစသော ကဏ္ဍများကို ပြိုလဲပျက်စီးစေသည်။ တရားဥပဒေစိုးမိုးမှု ပြိုလဲပျက်စီးပြီး လုံခြုံမှုကင်းမဲ့သော တိုင်းပြည်ကဲ့သို့ ဆိုက်ရောက်နေသည်။

စစ်ကောင်စီသည် ယိုယွင်းပျက်စီးနေသော ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ပုံမှန်အခြေအနေသို့ ရောက်ရှိလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းနေသော်လည်း ယနေ့အချိန်ထိ မအောင်မြင်နိုင်သေးပေ။ ပိုမိုဆိုးဝါးသော အခြေအနေများသာ ဦးတည်စေပြီး လက်နက်ကိုင် ပဋိပက္ခများသာ ပိုမိုကြီးထွားလာသည်။ နိုင်ငံအနှံ့အပြားက လက်နက်ကိုင်တိုက်ပွဲလွန်ကဲခြင်းကြောင့် အပြစ်မဲ့ပြည်သူများ(4131    )အထိ အသက်ပေးခဲ့ပြီး စစ်ပြေးဒုက္ခသည်အရေအတွက် (1.9)သန်းကျော်အထိ ရှိလာသည်။ ဥပဒေမဲ့ သတ်ဖြတ်မှုများ၊လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုတို့သည် နေ့စဉ်နှင့်အမျှ တိုးပွားနေသည်။မြန်မာနိုင်ငံသည် အမှောင်ထဲသို့ ကျရောက်နေဆဲဖြစ်ပြီး အပြုသဘောဆောင်သော တိုးတက်မှု မတွေ့ရသေးပေ။ ယင်းအကျိုးအဆက်အားလုံးသည် စစ်တပ်၏ ပဒေသရာဇ်ဆံသော အာဏာရှင်နိုင်ငံရေးစိတ်ဓာတ်ကြောင့်ပင် ဖြစ်သည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply