ဒရုန်းအန္တရာယ်(သို့မဟုတ်) စစ်ကောင်စီမှရှိုက်မောသံ

0

ငြိမ်းချမ်းရေးသုံးသပ်ချက် (စက်တင်ဘာလ)

ဤစာတမ်းတွင် လေကြောင်းအသုံးပြုစစ်ဆင်ရေးအကြောင်းကို ပိုမိုအလေးပေးဖော်ပြမည်။ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ရာတွင် စစ်ကောင်စီတပ်ဘက်ခြမ်း သာမက ပြည်သူ့တော်လှန်ရေး ဆင်နွှဲနေကြသည့် PDFs ပူးပေါင်းတပ်တို့တွင်လည်း အားသာချက်အသစ် ရှိလာသည်။ ယင်းကား ဒရုန်းတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်ပင် ဖြစ်သည်။ ဒရုန်းအသုံးပြုတိုက်ခိုက်သော နည်းပညာ မြင့်မားလာခြင်းကြောင့် စစ်ကောင်စီဘက် အထိနာလာသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း အဆိုပါ ဒရုန်းအသုံးပြုတိုက်ခိုက်နေမှုအား ထိန်းချုပ်ရန် စစ်ကောင်စီက တရုတ်အစိုးရထံ အကူအညီတောင်းရလောက်သည်အထိ ဖြစ်ပျက်လာသည်။ ၂၀၂၃၊ စက်တင်ဘာလ၏ ငြိမ်းချမ်းရေး သုံးသပ်ချက်တွင် –

  • နေပြည်တော်နှင့်အနီးဆုံးသို့ ရောက်ရှိလာနိုင်သည့် တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီတပ်က လေကြောင်းစစ်ဆင်ရေး ပိုမိုပြုလုပ်လာရခြင်း။
  • မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တစ်လအတွင်း ဒရုန်းစစ်ဆင်ရေးမစ်ရှင်ပေါင်း (၁၂)ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့ခြင်း။
  • ဒရုန်းနှင့် တိုက်လေယာဥ်အသုံးပြုတိုက်ခိုက်မှု နှိုင်းယှဥ်သုံးသပ်ချက်နှင့်အတူ နောက်ဆုံးတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာက မည်ကဲ့သို့ တုံ့ပြန်ပြောဆိုထားသည့် အကြောင်းစုံကိုလည်း ဖတ်ရှုရပေမည်။
Share.

About Author

Leave a Reply