မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အားလုံးပါဝင်မှု(All inclusive)ဆိုသည်မှာ ပဋိပက္ခဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ဟူသမျှကို ဆိုလိုသည်။ မည်သည့်တစ်စုတစ်ဖွဲ့ကိုမျှ ချန်လှပ်ထား၍ မရ။ စစ်ကောင်စီ၏ NCA ကဲ့သို့ မဟုတ်သော အားလုံးပါဝင်နိုင်မည့် ငြိမ်းချမ်းရေးလမ်းကြောင်းသစ်တစ်ခုရှိမှသာ မြန်မာ့ငြိမ်းချမ်းရေးအတွက် လမ်းစပွင့်မည် ဖြစ်သည်။ ဤအခြေအနေတွင် မြန်မာစစ်ကောင်စီသည် ၎င်း၏ကျောထောက်နောက်ခံ အင်အားကြီး မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ သို့သော် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသော ရပ်ဝန်းနှင့်လမ်း စီမံကိန်း (BRI) ညီလာခံသို့ ကမ္ဘာတဝှမ်းမှ ခေါင်းဆောင်များကို တရုတ်သမ္မတရှီကျင့်ဖျင်မှ ကြိုဆိုဖိတ်ကြားခဲ့စဥ် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ဖိတ်ကြားခြင်းမခံခဲ့ရပါ။ ပြည်တွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးယန္တရားထောက်တိုင်များ ဖြစ်ကြသော ရဲ၊ ဝန်ထမ်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်များနှင့် ရဲစခန်း၊ ထွေအုပ်ရုံး တိုက်ခိုက်ခံရသည့်ဖြစ်စဥ်များတွင် ဆိုင်ကယ်ကို အသုံးပြုပြီး ဆောင်ရွက်နေခြင်းကြောင့် စစ်ကောင်စီက ယောကျားလေး ဆိုင်ကယ်စီးနင်းခြင်းနှင့် ပတ်သက်သည့် ဒေသန္တရအမိန့်ကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာသည်ကိုလည်း မွန်ပြည်နယ်တွင် တွေ့ရှိရသည်။
အားလုံးပါဝင်နိုင်ခြင်းမရှိက မြန်မာပြည်မငြိမ်းချမ်းနိုင်
0
Share.