၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်

စစ်၏ ဆိုးမွေကို ရခိုင်ပြည်သူများ ခံကြရမည်ဖြစ်သော်လည်း ရခိုင်တို့ အချုပ်အခြာ အာဏာအတွက် ရောင်နီသန်းလာသည့်အချိန်တွင် ရခိုင့်တော်လှန်ရေးက မဖြစ်မနေ ရှေ့ဆက်ရအုံးမည်။ မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်တွင် ဒေသခံများအနေနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်သာ လုံးပမ်းနေရပြီး ယခုအခါ အဆင်ပြေရုံ အခြေအနေသာ ရှိဦးမည်။ သို့သည့်တိုင် ကံတရားက ရခိုင်ဒေသခံများအတွက် မျက်နှာသာ မပေးခဲ့ပေ။ လတ်တလော စိမ့်ဝင်ပျံ့နှံ့လာသည့် ၁၀၂၇ စစ်ဆင်ရေးဂယက်က ရခိုင်ပြည်နယ်အပြင် တနိုင်ငံလုံးသို့လည်း ကူးပြောင်းသွားနိုင်သည်။ ယခု ရက်သတ္တပတ်အတွင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုက်ပွဲဖြစ်ပွားမှုများမှာလည်း သိသိသာသာ တက်လာသည်ကို တွေ့ရသည်။ ထို့ကြောင့်လည်း လာမည့် ကာလများတွင် အုပ်ချုပ်ရေးနယ်မြေများ ပို၍ ဆုံးရှုံးရဖွယ် ရှိနေသည်။ ၁၀၂၇ တိုက်ပွဲဂယက်ကြောင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတို့၏  အသံလည်း ဆူညံနေပြီး အာဆီယံလည်း မြန်မာ့အရေး စိတ်ပျက်နေဆဲ ဖြစ်သည်။ မြန်မာ့အရေးအတွက် ရတက်မအေး ဖြစ်နေသော အမေရိကန်ကလည်း မြန်မာ့ရေနံ နှင့် ဓာတ်ငွေ့လုပ်ငန်း MOGE အား ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်သည်။  ယင်းအပြင် ယခုတပတ်တွင် စိတ်ဝင်စားစရာအနေဖြင့် မြန်မာစစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်၏ အာဏာနီတည်ဆောက်ရေးစီမံချက် အကြောင်းကိုလည်း နိုင်ငံရေးအခန်းတွင် ကနဦး ဖတ်ရှုရပေမည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply