စစ်ကောင်စီမှ တန်ပြန်ချေမှုန်းရေးနှင့် အညာဒေသ မြို့သိမ်းတိုက်ပွဲ

0

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်ထားသည့် နေရာများကို ပေးလိုက်ရပါက တရုတ်နယ်စပ်ကုန်သွယ်ရေး တခုလုံး မြောက်ပိုင်းသုံးဖွဲ့ လက်ထဲ အပ်လိုက်ရပေလိမ့်မည်။ သို့ဖြစ်ရာ လက်လွှတ်ခဲ့ရသော နေရာများ၊ စခန်းများ၊ မြို့များကို ပြန်လည်ထိန်းချုပ်နိုင်အောင် စစ်ကောင်စီတပ်က ပြန်လည် ထိုးစစ်ဆင်ဦးမည်သာ ဖြစ်သကဲ့သို့ မြောက်ပိုင်းသုံးဖွဲ့ကလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ဦးမည်ဖြစ်၏။ ကောလင်းမြို့သည် စစ်ကိုင်းတိုင်း၌ စစ်ကောင်စီ၏ ခရိုင်ရုံးစိုက်ရာ မြို့ကြီးတစ်ခုဖြစ်သလို တဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ရေးဖော်ဆောင်ရာ အမှတ် (၁) စစ်ဒေသလည်း ဖြစ်သည်။ ယ္ခုအခါတွင် ကောလင်းမြို့ကို (NUG) က ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ ကောလင်းမြို့သည် နွေဦးတော်လှန်ရေးသမိုင်းတွင် မြို့သိမ်းတိုက်ပွဲအနေဖြင့် ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သော မြို့ဖြစ်သည်။ စစ်ကောင်စီ ကြုံးဝါးသည့် တန်ပြန်ချေမှုန်းရေး အောင်မြင်မည်လား။ လက်ရှိ (၁၀၂၇) စစ်ဆင်ရေးအတွင်း ပါဝင်နေသည့် (၃) ဖွဲ့ထဲတွင် ကိုးကန့်တပ် (MNDAA) နှင့် တအာင်း/ ပလောင် အမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့ကို စစ်ကောင်စီဘက်က အမည်တပ်အပြစ်ဖို့ခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) ကို စစ်ကောင်စီက အဘယ့်ကြောင့် မပြောဆိုဝံ့သနည်း။

 

Share.

About Author

Leave a Reply