ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် မွန်စစ်ရေး/နိုင်ငံရေးအဖွဲ့များ၏ တုံ့ပြန်ချက်

ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် မွန်စစ်ရေး/နိုင်ငံရေးအဖွဲ့များ၏ တုံ့ပြန်ချက်

၂၀၂၅ အတွင်း ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားသော စစ်ကောင်စီက သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းကို ပြုလုပ်နေပါသည်။ စကစ၏ အကြံတစ်ခုဖြစ်သော နိုင်ငံရေးထွက်ပေါက် ရရှိရေးအတွက် ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ထူးထူးခြားခြား စတင်ကမ်းလှမ်းလာသည်။ ဤအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်ရှိ စစ်ရေး/နိုင်ငံရေးအဖွဲ့အစည်းတို့က မည်သို့မည်ပုံ တုံ့ပြန်ထားပါသနည်း။ အဆိုပါတုံ့ပြန်ချက်များနှင့်အတူ မွန်နိုင်ငံရေးသုံးသပ်ချက်အချို့ကို ဤစာတမ်းတွင် ဖတ်ရှုရပေမည်။…
ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေများ

ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေများ

Peace and Conflict Assessment Report Statement ငြိမ်းချမ်းရေးနှင့် ပဋိပက္ခသုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ကြေညာချက် အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၄ ခုနှစ် ရာမညအင်စတီကျူနိုင်ငံရေးသုတေသနဌာန RICE သည်  ဂျိုင်းမြစ်ဒေသနှင့် မွန်ပြည်အတွင်းရှိ ပြည်သူများခံစားနေရသည့် စစ်ဘေးဒုက္ခဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ပြုစုရန်၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများမှ ဓမ္မသရွာနှင့် ဂျိုင်းမြစ်ဒေသဖြစ်စဉ်ကို ပိုမိုသိရှိပြီး…