၂၀၂၄ နိုင်ငံရေးသုံးသပ်ချက်အကျဉ်း (မြန်မာနိုင်ငံ)

၂၀၂၄ နိုင်ငံရေးသုံးသပ်ချက်အကျဉ်း (မြန်မာနိုင်ငံ)

၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုရှိကြောင်း အကြောင်းပြပြီး  အာဏာသိမ်းလိုက်သည့် စစ်အာဏာရှင် (ဗိုလ်ချုပ်မှုးကြီး) မင်းအောင်လှိုင်ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအလင်းရောင် အနည်းငယ်ရရှိထားသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးမှာ နောက်ဘက် ပြန်လှည့်ခဲ့သည်။ မကြာသေးသော ကာလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် ပြောဆိုလာပေသည်။ သို့ရာတွင် ဒီမိုကရေစီအင်အားစုများ ဖက်ဒရယ်အင်အားစုများ နွေဦးတော်လှန်ရေး အင်အားစုသစ်များမှ မင်းအောင်လှိုင်၏ ပြောဆိုမှုများကို ယုံကြည်မှု မရှိတော့ပေ။ အကယ်၍ စစ်ခေါင်းဆောင်မှ ငြိမ်းချမ်းရေရေးလိုလားသူဖြစ်မည် ဆိုပါက ကနဦးကတည်းက အာဏာသိမ်းမည် မဟုတ်ပေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply