❝ဇန်နဝါရီလ ၊လစဉ် ဒေတာအစီရင်ခံစာ❞

❝ဇန်နဝါရီလ ၊လစဉ် ဒေတာအစီရင်ခံစာ❞

❝လစဉ် ဒေတာအစီရင်ခံစာ❞
( ဇန်နဝါရီလ ၊ ၂၀၂၅ ခုနှစ် )
■မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာမှုနှင့်အတူ နိုင်ငံအနှံ့အပြားက လက်နက်ကိုင် တိုက်ပွဲ များကျယ်ပြန့်လာပြီး အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများလည်း ပိုမိုဆိုးရွား လာသည်။ မိမိတို့ ရာမညအင်စတီကျုသုတေသနဌာန (RICE) မှ မြန်မာပြည် တောင်ပိုင်းရှိကရင်နီ ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်နှင့်တပြေးညီ ပြောင်းလဲ နေသော ဒေတာအချက်အလက်များကို ပြည်သူများ သိရှိရန်ရည်ရွယ်၍ တစုတစည်းတည်း စုစည်း တင်ပြထားခြင်းဖြစ်သည်။ RICE မှ ကောက်ယူထားသော ဒေတာအချက်အလက်များသည် မိမိတို့ လက်လှမ်းမှီရာ လွတ်လပ်သော သတင်းမီဒီယာများအပေါ် အခြေခံ၍ ပြန်လည်ပြုစုထားသည့် အချက်အလက်များဖြစ်သောကြောင့် မြေပြင်အခြေအနေနှင့် အနည်းငယ်ကွာဟမှု ရှိနိုင်ပါသည်။ ဇန်နဝါရီလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ပွားသည့်ဖြစ်စဥ်အရေအတွက်၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ်ထိခိုက်ပျက်စီးမှု၊ မီးလောင်မှု၊ အရပ်သားထိခိုက်မှု၊ သေဆုံး မှုနှင့် အရပ်သားဖမ်းဆီးခံရမှုအရေအတွက်များအား အောက်တွင် ဖတ်ရှုနိုင်ပါသည်။
မှတ်ချက်။ ။ ယခုလအတွက် ကရင်နီပြည်နယ်၏ အချက်အလက်များမှာမူ လက်လှမ်းမှီရန် ခက်ခဲမှုကြောင့် မရရှိခဲ့ပေ။
  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply