၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ ထူးခြားသည့် သဝဏ်လွှာနှင့် ထုတ်ပြန်ကြေညာချက်များ

၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ ထူးခြားသည့် သဝဏ်လွှာနှင့် ထုတ်ပြန်ကြေညာချက်များ

မွန်နိုင်ငံရေး အသိုင်းအဝိုင်းကြား၌ လက်တွေ့ကျသည့် မွန်ပြည်တည်ဆောက်ရေး မဟာဗျူဟာတရပ် ရေးဆွဲရန် လိုအပ်နေသည့် အချိန်အခါ ဖြစ်နေသည်။ နှစ်စဉ် တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ ရောက်တိုင်း မွန်လူထုတရပ်လုံးက မွန်အမျိုးသားနေ့ အခမ်း အနားကြီးကို ဆင်နွှဲလာသည်မှာ ၇၈ နှစ်အထိ ရောက်ရှိခဲ့ပါပြီ။ သို့သော်လည်း မွန်တို့အနေဖြင့် လိုချင်သော နိုင်ငံရေးပန်းတိုင်နှင့် ဝေးကွာလျက် ရှိနေပါသည်။ မွန်နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုကို အမြဲတစေ လေ့လာစောင့်ကြည့်နေသော ရာမညအင်စတီကျူ နိုင်ငံရေးသုတေသန ဌာနက ယခု အပတ်စဉ် ငြိမ်းချမ်းရေး သုံးသပ်ချက်တွင် ၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာနှင့် အဖွဲ့အစည်းအသီးသီး၏ ထုတ်ပြန်ကြေညာချက်များထဲမှ ထူးခြားသည့် အချက်အလက်အချို့ကို ကောက်နုတ် တင်ပြသွားပါမည်။

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။

Watch on youtube:

Comments

No comments yet. Why don’t you start the discussion?

Leave a Reply