❝ တရုတ်စီးပွားအတွက် အကျိုးပြုနေသော မြန်မာ့မြေရှားသတ္တုတူးဖော်ရေးသည်
ထိုင်း-မြန်မာနယ်စပ် ရေအရင်းအမြစ်အပေါ် ဘယ်လိုသက်ရောက်မှုများ ရှိနေသလဲ ❞
■ရာမညအင်စတီကျူနိုင်ငံရေးသုတေသနဌာန၏ နိုင်ငံတကာခဏ္ဍဖြစ်သော အပတ်စဉ် ငြိမ်းချမ်းရေး သုံးသပ်ချက်တွင် တရုတ်သမ္မတနှင့် အာဏာသိမ်းစစ်ကောင်စီ ဆက်ဆံရေးခိုင်မာလာကြောင်း၊ ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံးဖြစ်သော တရုတ်နှင့်အမေရိကန်တင်းမာမှုသည် တရုတ်မြေရှားသတ္တု နှင့် အဆင်ပြေခဲကြောင်းနှင့် မြေရှားသတ္တု၏ အရေးပါမှုများကို လေ့လာဖတ်ရှုနိုင်ပါသည်။ ထို့အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အုပ်ချုပ်နေသော မိုင်းဆတ် မြို့အနီး မြစ်ဖျားခံ၊ နမ့်ခုတ်မြစ်အနီးတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ ပိုမိုပြုလုပ်လာခြင်းကြောင့် မြစ်ရေအဆိပ်သင့်သည့်ကိစ္စကို သက်ဆိုင်ရာအာဏာပိုင်များ ဖြေရှင်းပေရန်အတွက် ထိုင်းပြည်သူ ထောင်နှင့်ချီ ဆန္ဒပြနေသည့်အကြောင်းအပြင် ၎င်းနှင့်စပ်ဆက်သည့်အကြောင်းအရာများကိုလည်း လေ့လာတင်ပြထားပါသည်။
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။
Related