မွန်ပြည်နယ် တော်လှန်ရေးအစိုးရ ဖြစ်လာမလား

မွန်ပြည်နယ် တော်လှန်ရေးအစိုးရ ဖြစ်လာမလား

❝မွန်ပြည်နယ် တော်လှန်ရေးအစိုးရ ဖြစ်လာမလား

■ရာမညအင်စတီကျုနိုင်ငံရေးသုတေသနဌာနသည် မြန်မာ့နိုင်ငံရေးနှင့် မွန်နိုင်ငံရေးဖြစ်စဉ် ဖြစ်ပေါ်ပြောင်းလဲမှု များကို အမြဲတစေ စောင့်ကြည့်လေ့လာနေပါသည်။ ယ္ခုရက်သတ္တပတ်၏ နိုင်ငံရေး သုံးသပ်ချက်စာတမ်းတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC ၏ တတိယအကြိမ် ညီလာခံထုတ်ပြန်ကြေညာချက်ကို အထူးအလေးပေး သုံးသပ်ထားပြီး တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများအား အသားပေးဖော်ပြထားပါသည်။ MSFC ၏ချမှတ် ထားသော ရှေ့လုပ်ငန်းစဉ် (၄) ရပ်အနက် “တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရေးဆွဲရေး” အချက် သည် ပြည်နယ်အုပ်ချုပ်ရေးအဆင့် “ပြည်နယ်တော်လှန်ရေးအစိုးရ” မျှော်မှန်းချက်ဟု မှတ်ယူရမည် ဖြစ်ပေ သည်။ ပြည်နယ်တော်လှန်ရေးအစိုးရတွင် မည်သည့်အဖွဲ့များ ပါဝင်သည်နှင့် မည်သည့်အမည်ဖြင့် ပေါ်ထွက် လာမည် ဆိုသည်ကိုမူ မသိရှိရဘဲ ဤအခြင်းအရာသည် MSFC နှင့်သာ သက်ဆိုင်ပါသည်။ ဤသုံးသပ်ချက် စာတမ်းတွင် “မွန်ပြည် ကြားကာလအစိုးရ”ဟု သုံးနှုန်းထားကာ ပုံဖော်ခန့်မှန်းခြင်းသာ ဖြစ်သည်ကို ဝန်ခံပါသည်။

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply