မွန်ပြည်နယ်အတွင်း အဘယ်ကြောင့် ခိုးမှု၊လုယက်မှုနှင့်ဓားပြတိုက်မှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပါသလဲ

မွန်ပြည်နယ်အတွင်း အဘယ်ကြောင့်

ခိုးမှု၊လုယက်မှုနှင့်ဓားပြတိုက်မှု ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေပါသလဲ

လစဉ် | လူမှု-စီးပွားသုံးသပ်ချက်
အောက်တိုဘာလ ၇ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်
ရာမညအင်စတီကျူ လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန၏ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ၊ လစဥ်လူမှု-စီးပွားသုံးသပ်ချက်အစီရင်ခံစာသည် မွန်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးမှု ကျဆင်းလာမှုနှင့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကြောင့် ဒေသခံပြည်သူများ ကြုံတွေ့နေရသည့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုဘဝဆိုင်ရာ စိန်ခေါ်မှုများကို အကျဉ်းချုပ် တင်ပြထားပါသည်။ ၎င်းတွင် ရွှေလုပ်ငန်းရှင်များအား ပစ်မှတ်ထားသည့် ရာဇဝတ်မှုများ၊ အရပ်သားများကို ထိခိုက်စေသည့် စစ်ကော်မရှင် ဒရုန်းတိုက်ခိုက်မှုများနှင့် တောင်သူများ၏ အသက်မွေးဝမ်းကျောင်းကို ထိခိုက်စေသည့် ကန့်သတ်အမိန့်များ၏ အကျိုးဆက်များ ပါဝင်သည်။
  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply