၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရာမညအင်စတီကျူလူထုအခြေပြု နိုင်ငံရေးသုတေသနဌာန ၏ အစီရင်ခံစာတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအပေါ် စစ်ကောင်စီ၏ ဗျူဟာမြောက် ပိတ်ဆို့မှုနှင့် လက်နက်ကိုင်အဖွဲ့စုံ၏ အဆမတန် အခွန်ကောက်ခံမှုများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေပါသည်။ ဤအခြေအနေသည် ကုန်သည်များသာမက ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အပေါ် ဘက်စုံထိခိုက်စေလျက်ရှိရာ ယခုအစီရင်ခံစာတွင် အဆိုပါ အကျပ်အတည်းများကို အသေးစိတ် လေ့လာတင်ပြထားပါသည်။ တနင်္သာရီနှင့် မွန်ပြည်နယ်မှာလည်း ကွမ်းသီးခြောက် ကုန်သွယ်မှုတွင် ဖမ်းဆီးထိန်းသိမ်းမှုများနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများ ကြောင့် ဈေးကွက်ပျက် ပြားပြီး ဒေသခံတောင်သူများ၏ ဝင်ငွေများ ထိခိုက်လျက်ရှိပါသည်။ ထို့ပြင် ခရီးသွားလာခွင့် ကန့်သတ် ချက်များ၊ ပညာရေးတွင် ကျူရှင်အပေါ် အလွန်အကျွံ မှီခိုနေရမှုနှင့် မြို့ကြီးများရှိ လေထုညစ်ညမ်းမှု အန္တရာယ်များက ပြည်သူများအတွက် ဘက်စုံလူမှုစီးပွား အကျပ်အတည်းစေသည့် အကြောင်းအရာ များကို လေ့လာတင်ပြထားပါသည်။
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်သည်။

