လစဉ် | လူမှု-စီးပွားသုံးသပ်ချက်

လစဉ် | လူမှု-စီးပွားသုံးသပ်ချက်

အာဏာရှင်စစ်အစိုးရအုပ်ချုပ်သည့်ကာလတွင်

မွန်ဒေသလူမှုစီးပွားရေးကျဆင်းခြင်း

(လစဉ် | လူမှု-စီးပွားသုံးသပ်ချက်)

ဩဂုတ်လ ၅ ရက်နေ့ ၊ ၂၀၂၅ ခုနှစ်

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ရာမညအင်စတီကျုနိုင်ငံရေးသုတေသနဌာန၏ မြန်မာ့လူမှုစီးပွား ဆိုင်ရာ လေ့လာသုံးသပ်ချက် အစီရင်ခံစာတွင် ရာသီဥတုဒဏ်ကြောင့် မွန်ပြည်နယ် အတွင်း လူမှုစီးပွားရေးအပေါ် သက်ရောက်လာသည့်အကြောင်း၊ လယ်ယာလုပ်ကိုင်သူ နှင့် ဒေသခံများ ရေဘေးကြုံ နေရကြောင်း၊ စစ်ကောင်စီစစ်တပ်လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်နေခြင်းကြောင့် ဒေသခံများအသက်ဘေးကြုံနေရသည့် အကြောင်းအရာများကို  လေ့လာထားပါသည်။ စစ်တပ်သည် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ကျေးရွာများကို ငွေညှစ်နေကြောင်း၊ မွန်ပြည်နယ်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် ကောင်းနေသော်လည်း ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ် အတွင်းမှာ ကလေးသူငယ်များ ပညာသင်ကြားရန် အခွင့်အ‌ရေးဆုံးရှုံးနေရကြောင်းနှင့် မွန်ပြည်နယ်အတွင်း ထိုင်းကုန် ပစ္စည်းများ မြင့်တက်နေသည့် အကြောင်းအရာများကိုလည်း တင်ပြထားပါသည်။ အနောက်ဆုံးတွင် စစ်အာဏာရှင်အစိုးရ နှင့် အရပ်ဖက်အစိုးရ အုပ်ချုပ်သည့်ကာလ အတွင်း ရွှေစျေးနှုန်း အပြာင်းအလဲများကိုလည်း အောက်တွင်လေ့လာဖတ်ရှုနိုင်ပါသည်။

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။

Watch on Youtube:

Comments

No comments yet. Why don’t you start the discussion?

Leave a Reply