Skip to content
Posted by
Rice
❝လစဉ် ဒေတာအစီရင်ခံစာ❞
(ဇူလိုင်လ ၊ ၂၀၂၅ ခုနှစ်)
■ မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပြင်းထန်လာမှုနှင့်အတူ နိုင်ငံအနှံ့အပြားကလက်နက်ကိုင် တိုက်ပွဲများကျယ်ပြန့်လာပြီး အရပ်သားပြည်သူများ၏ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ လည်းပိုမိုဆိုးရွားလာသည်။ မိမိတို့ ရာမညအင်စတီကျုသုတေသနဌာန(RICE)မှ မြန်မာပြည် တောင်ပိုင်းရှိ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်နှင့်တပြေးညီ ပြောင်းလဲနေသော ဒေတာအချက်အလက်များကို ပြည်သူများ သိရှိရန် ရည်ရွယ်၍ တစုတစည်းတည်း စုစည်းတင်ပြထား ခြင်းဖြစ်သည်။ RICE မှ ကောက်ယူထား သော ဒေတာအချက်အလက်များ သည် မိမိတို့ လက်လှမ်းမှီရာ လွတ်လပ်သော သတင်းမီဒီယာ များအပေါ်အခြေခံ၍ ပြန်လည်ပြုစုထားသည့် အချက်အလက်များ ဖြစ်သောကြောင့် မြေပြင် အခြေအနေနှင့် အနည်းငယ်ကွာဟမှု ရှိနိုင်ပါသည်။ ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ ဖြစ်ပွားသည့် ဖြစ်စဥ်အရေအတွက်၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုးအိမ် ထိခိုက်ပျက်စီးမှု၊ မီးလောင်မှု၊ အရပ်သားထိခိုက်မှု၊ သေဆုံးမှုနှင့် အရပ်သားဖမ်းဆီးခံရမှု အရေအတွက်များအား အောက်တွင် ဖတ်ရှုနိုင်ပါသည်။
- Flipbook ဖွင့်ဖတ်ပြီး Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။
Related
Scroll to Top