ရွေးကောက်ပွဲအောင်မြင်ရေးအတွက် နစက က နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုတိုးကာ အိမ်နီးချင်းနိုင်ငံတို့မှတဆင့် တရားဝင်မှု ရယူရန် ကြိုးပမ်းနေသည့်ခြေလှမ်း ခပ်စိပ်စိပ်တွေ့ရသည်။ သို့သော်လည်း ပြည်တွင်းအခြေအနေကား ထင်သလောက် လွယ်ကူမည် မဟုတ်တော့ပေ။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် လက်နက်ပစ္စည်း အပါအဝင် စားနပ်ရိက္ခာများနှင့် တပ်အင်အား ဖြည့်တင်းမှုများအတွက် ကုန်းလမ်းအစား ပင်လယ်ရေကြောင်း အသုံးပြုမှုကို အဓိကထား အသုံးပြုလာရသည်အထိ စစ်ရေးအရ အရေးနိမ့်လာနေသည်။ မြေပြင်အခြေအနေအရ စစ်ကောင်စီတပ်များသည် ရှမ်းမြောက်တွင်လည်း (KIA) နှင့် တိုက်ပွဲဖြစ်ပွါးနေသလို (TNLA) နှင့်လည်း တကျော့ပြန် တိုက်ပွဲဖြစ်ပွါးလာသည်။ ဤအခြေအနေတွင် စစ်ကောင်စီဥက္ကဌနှင့် ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်တို့ တွေ့ဆုံမှုက သာမန်သဘောရိုး မဖြစ်နိုင်ပေ။ စစ်အစိုးရ အဆက်ဆက်၏ လုပ်ထုံးလုပ်နည်းအရ စစ်တပ်သည် ပဋိပက္ခကို ပဋိပက္ခနည်းနှင့် ပူးသတ်ပြီး ဖြေရှင်းလေ့ရှိသည်။ ၎င်းတို့ဩဇာခံ ပြည်သူ့စစ်များကို အားပေးအားမြှောက် ပြုလုပ်ပြီး ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များ အားပျော့အောင် ပြုလုပ်မည် ဖြစ်သည်။ တဖက်ရှိ နိုင်ငံတကာအသိုင်းအဝိုင်းတို့ကလည်း မြန်မာ့အရေးအတွက် ရတက်မအေးနိုင်ဘဲ တပတ်အတွင်း မည်ကဲ့သို့ တုံ့ပြန်ပြောဆိုထားသည်ကိုလည်း ဆက်လက် ဖတ်ရှုရပေမည်။
ပြည်သူ့စစ်ခေါင်းဆောင်များနှင့် နစက ဥက္ကဌတို့ တွေ့ဆုံမှု ဘာထူးခြားသလဲ
0
Share.