ဘုရားသုံးဆူမြို့ကို KNU က ထိန်းချုပ်လိုက်ပြီလား

ဘုရားသုံးဆူမြို့ကို KNU က ထိန်းချုပ်လိုက်ပြီလား

စစ်ကောင်စီအနေဖြင့် အဂတိလိုက်စားသည့် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အရာရှိ အချို့တို့အပေါ် အရေးယူပြနေခြင်းက အမှန်တကယ် အဂတိတိုက်ဖျက်ရေး လုပ်နေသလား သို့တည်းမဟုတ် ၎င်တို့ အချင်းချင်းကြား ဝေစုမတည့်၍ စားမာန်ခုပ်ပွဲကြီး ပြုလုပ်နေသလား။ စစ်ကောင်စီသည် မြန်မာပြည် တောင်ပိုင်းဒေသများကို ပြည်လည်စိုးမိုးရန် အားယူနေချိန် မြို့နယ်အချို့ကို လက်လွှတ်ရမည့် အနေအထား ဖြစ်ပေါ်နေသည်။ စက်တင်ဘာလ (၂၀) ရက်တွင် “ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို (KNU) က ထိန်းချုပ်ထားနိုင်ပြီ” ဖြစ်ကြောင်း Karen Information Center – KIC သတင်းဌာနက ဖော်ပြခဲ့သည်။ ဘုရားသုံးဆူမြို့ကို (KNU) က မည်သည့်အချိန်အထိ ထိန်းချုပ်နိုင်မည်ကို မပြောနိုင်သော်လည်း ဘုရားသုံးဆူမြို့ရှိ ဒေသခံများ ကိုယ်တိုင်က (KNU) ၏ အုပ်ချုပ်ရေးဝန်ဆောင်မှုကို လိုလိုလားလား လက်ခံနေသည့်သဘော ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်/ တော်လှန်ရေးအဖွဲ့အစည်း (EAOs/EROs) များသည်လည်း (NCA) နှင့်ပတ်သက်၍ အမြင်ကွဲလွဲလျက် ရှိကြသည်။ အကြောင်းမှာ (NCA) သည် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာတည်သော စာချုပ်ဖြစ်ပြီး (၂၀၀၈) ခြေဥကို ကျော်လွန်ကာ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကြောင့် ဖြစ်သည်။ သို့သော်လည်း (NCA) ပျက်ပြယ်ကြောင်း မည်သည့်အဖွဲ့အစည်းကမျှ တရားဝင် စာထုတ်ပြန်ခြင်းမျိုး မတွေ့ရပေ။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply