ပြောင်းပြန်ဖြစ်နေသည်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA (၈) နှစ်ပြည့်သည့်အချိန်တွင် တနိုင်ငံလုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသွားမည့်အစား တနိုင်ငံလုံးနီးပါး ပစ်ခတ်တိုက်ခိုက် နေသည်။ ပွဲမစည်စည်အောင် စစ်ကောင်စီက ချော့တိတ်လို့ရသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ချော့တိတ်ဖိတ်ခေါ်ပြီး ကလန်ကဆန်လုပ် ဆန့်ကျင်သည့် အဖွဲ့ကိုကား အကြမ်းဖက်ပြသည်။ ဥပမာအနေဖြင့် KIO ကို သင်ခန်းစာပေးပြီး အခြားအဖွဲ့များကို ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။ အခြားတဖက်ဖြစ်သော (NUCC) တွင် သက်ဆိုင်ရာ လူမျိုးစု ဖက်ဒရယ် ကောင်စီများက အဖွဲ့ဝင်များအဖြစ် ပါဝင်နေသည်။ သို့သော်လည်း ယ္ခုအချိန်ထိ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ဖက်ဒရယ်ယူနစ်နှင့် ပတ်သက်၍လည်း လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ပုံစံကို လူမျိုးစုအများစုက လိုလားနေကြသည်။ ထို့ကြောင့် ဗမာလူမျိုးကို ကိုယ်စားပြုသည့် ဗမာပြည်နယ်ကဲ့သို့ ဖက်ဒရယ်ယူနစ်မျိုးကို သတ်မှတ်ဖွဲ့စည်းရန် ဖိအားကို (NUG) အစိုးရက ရင်ဆိုင်နေရသည်။ ဗမာလူမျိုးစု အများဆုံးနေထိုင်သော မန္တလေး၊ စစ်ကိုင်း၊ မကွေး စသော တိုင်း (၃) ခုမှ လွှတ်တော်ကိုယ်စားပြုကော်မတီများက ယ္ခုရက်ပိုင်းအတွင်း ဗမာကိုယ်စားပြု ဖက်ဒရယ်ယူနစ် အကောင်အထည်ပေါ်ရေး ကြိုးပမ်းလာသည်ကို တွေ့ရသည်။ နိုၚ်ငံအသိုၚ်းအဝိုၚ်းဘက် ကြည့်လိုက်သည့်အခါ စစ်ကောင်စီအပေါ် အရှေ့နိုင်ငံနှင့် အနောက်နိုင်ငံတို့၏ တုံ့ပြန်ချက်များမှာလည်း ကွဲပြားနေသည်။
ဗမာဖက်ဒရယ်ယူနစ်ပေါ်ပေါက်ရေး ပြည်မသားများ ကြိုးပမ်းနေ
0
Share.