❝အိန္ဒိယပြန် မွန်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနှင့်‌၂၀၂၅ ရွေးကောက်ပွဲအကြို သုံးသပ်ချက်❞

မွန်နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုကို ရာမညအင်စတီကျူက လေ့လာစောင့်ကြည့်နေပါသည်။ ယခု အပတ်စဉ် ငြိမ်းချမ်းရေးသုံးသပ်ချက်တွင် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားချက်အရ စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၅)ဖွဲ့နှင့်၊ နိုင်ငံရေးပါတီခေါင်းဆောင်အချို့တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်အကြောင်းကို ကနဦး ရေးသားထားသည်။ လာမည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက အစွမ်းကုန်ကြိုးပမ်းနေချိန်၊ စစ်ကောင်စီနှင့်အတူ အိန္ဒိယခရီးစဉ် ပြန်လာပြီးနောက် မွန်အမျိုးသားညီလာခံကျင်းပရန် အသံထွက်လာသည်။ စစ်ကောင်စီ၏ နိုင်ငံရေးလမ်းပြ မြေပုံနောက် လိုက်ရန် အချိန်ကိုက် စီစဉ်ခြင်းလော။ အတွေးပွားစရာ ဖြစ်သည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply