လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

နိုဝင်ဘာလ ၂၀၂၅ခုနှစ်

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သား ထိခိုက်မှု အခြေအနေများကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။ယခု လေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀ မြို့နယ်)၊ ကရင်ပြည်နယ် (ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး အပါအဝင် ၃ မြို့နယ်) နှင့် တနင်္သာရီတိုင်းဒေသကြီး (ရေဖြူမြို့နယ်) တို့မှ စုစုပေါင်း (၁၄) မြို့နယ်ရှိ ဖြစ်ရပ်များကို ထည့်သွင်းထားပါသည်။ အဆိုပါ နယ်မြေဒေသများအား ခေါ်ဆိုမှု လွယ်ကူစေရန်အတွက် “မွန်နှင့် တောင်ပိုင်းဒေသ” ဟူ၍ သတ်မှတ်အမည်ပေးပြီး ဖော်ပြသွားမည် ဖြစ်ပါသည်။ဤအစီရင်ခံစာသည် RICE သုတေသနအဖွဲ့၏ လက်လှမ်းမီသော အချက်အလက်အရ၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ၌ ၎င်း (၁၄) မြို့နယ်အတွင်း တွေ့ရှိခဲ့သည့် စစ်ရေးပဋိပက္ခဆိုင်ရာ ကိန်းဂဏန်း အချက်အလက်အချို့ကို အဓိကထား၍ အစီရင်ခံ တင်ပြသွားမည် ဖြစ်ပါသည်။

⌈ဖော်ပြပါ ဒေတာများသည် RICE သုတေသနအဖွဲ့က လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားသော အချက်အလက်များသာ ဖြစ်ပါသည်။ မြေပြင်ဖြစ်စဉ်များအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေတာအကန့်အသတ်များ ရှိနေနိုင် ကြောင်းကိုလည်း အသိပေးအပ်ပါသည်။⌉

မြို့နယ်အလိုက် တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်များ

စစ်ရေးတင်းမာမှုများအရ ကော့ကရိတ်မြို့နယ်သည် နိုဝင်ဘာလအတွင်း တိုက်ပွဲအကြိမ်ရေ သိသိသာသာ ပိုမိုမြင့်မားခဲ့ပြီး စုစုပေါင်း ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲအများဆုံး မြို့နယ်ဖြစ်သည်။စစ်ကောင်စီ၏ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မွန်ပြည်နယ်ရှိ မြို့နယ်များ၌လည်း တိုက်ပွဲများ အရှိန်မြင့်လာသည်။ ရေးမြို့နယ်တွင် တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ ရေးဖြူမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း RICE ၏ လက်လှမ်းမီသော သတင်းအချက်အလက်များအရ သိရှိရသည်။တိုက်ပွဲများနှင့် ဆက်စပ်၍ ရေးမြို့နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာစစ်တပ်ဘက်မှ သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရရှိသူ ၅ ဦးမက ရှိခဲ့သည်။ ကော့ကရိတ်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်သား အများအပြား ထိခိုက်မှုရှိခဲ့ကြောင်း သိရသော်လည်း ထိခိုက်မှု အသေးစိတ် အချက်အလက်များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ရေး-ထားဝယ် အမှတ် (၈) လမ်းမကြီးတိုက်ပွဲတလျှောက်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်မှမူ ၁ ဦး ကျဆုံးခဲ့သည် ဟု သိရှိရသည်။

⌈ဖော်ပြပါ ဒေတာများသည် RICE သုတေသနအဖွဲ့က လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားသော အချက်အလက်များသာ ဖြစ်ပါသည်။ မြေပြင်ဖြစ်စဉ်များအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေတာအကန့်အသတ်များ ရှိနေနိုင် ကြောင်းကိုလည်း အသိပေးအပ်ပါသည်။⌉

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းစစ်ဆင်ရေးနှင့် မြေမြှုပ်မိုင်း ဖြစ်စဥ်များအကျဉ်းချုပ်

စစ်ကောင်စီတပ်၏ ဦးတည်တိုက်ခိုက်မှု ဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့သော မြို့နယ်များကို လေ့လာကြည့်ရာတွင် သထုံမြို့နယ် သည် တိုက်ခိုက်မှု အကြိမ်ရေ စုစုပေါင်း (၁၀ ကြိမ်) ဖြင့် အများဆုံး ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်၊ လက်နက်ကြီး ၃ ကြိမ်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှု ၂ ကြိမ် ပါဝင်ပြီး အခြားမြို့နယ်များထက် သိသိသာသာ ပိုမိုတိုက်ခိုက်ခံနေရသည်။ သထုံမြို့နယ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် ကျောင်းဆရာမ ၁ ဦးနှင့် အရပ်သား ၁ ဦး၊ စုစုပေါင်း ၂ ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့သည်။

  • ရေးမြို့နယ် သည် လက်နက်ကြီး ပစ်ခတ်မှု ၃ ကြိမ်ဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့ပြီး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး အပါအဝင် စုစုပေါင်း အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။
  • ကော့ကရိတ်မြို့နယ် တွင် လက်နက်ကြီး ၂ ကြိမ်နှင့် မြေမြှုပ်မိုင်း ၁ ကြိမ် ဖြစ်ပွားခဲ့ရာ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကလေးမိခင်တစ်ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် အသက်မပြည့် ကလေးငယ် ၂ ဦး (အမျိုးသမီးငယ်များ) အပါအဝင် တခြားအမျိုးသမီး ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
  • ဘီးလင်းမြို့နယ် တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
  • ရေဖြူမြို့နယ် တွင် လက်နက်ကြီးတိုက်ခိုက်မှု ၁ ကြိမ်နှင့် ဒရုန်းစစ်ဆင်ရေး ၁ ကြိမ်တို့ ဖြစ်ပွားခဲ့ရာ အသက် (၅၀) ကျော်အရွယ် ရဟန်း ၁ ပါး ဒဏ်ရာရရှိခဲ့သည်။

⌈ဖော်ပြပါ ဒေတာများသည် RICE သုတေသနအဖွဲ့က လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားသော အချက်အလက်များသာ ဖြစ်ပါသည်။ မြေပြင်ဖြစ်စဉ်များအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေတာအကန့်အသတ်များ ရှိနေနိုင် ကြောင်းကိုလည်း အသိပေးအပ်ပါသည်။⌉

အရပ်သားများ ဖမ်းဆီးခံရမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု အရေအတွက်များ

နိုဝင်ဘာလအတွင်း မြို့နယ်အလိုက် အရပ်သား ဖမ်းဆီးထိန်းသိမ်းမှု အခြေအနေများကို RICE သုတေတီများ၏ လက်လှမ်းမီရရှိထားသော အချက်အလက်များအရ လေ့လာဆန်းစစ်ရာတွင် မြို့နယ်ခြောက်ခု (ရေး၊ ကျိုက်ထို၊ ကော့ကရိတ်၊ ရေဖြူ၊ ချောင်းဆုံနှင့် မော်လမြိုင်) တို့၌ ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၆၉ ဦး ရှိကြောင်း တွေ့ရှိရပါသည်။

မြို့နယ်အလိုက် အဓိက ဖြစ်ရပ်များ:

  • ရေးမြို့နယ်: စုစုပေါင်း ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၈ ဦး ရှိပြီး ၎င်းတို့အားလုံးမှာ အမျိုးသားများ ဖြစ်ကြသည်။ ထို့ပြင်၊ စစ်ကော်မရှင်တပ်ဖွဲ့မှ ဒူးယားကျေးရွာရှိ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးအား မတရား ရိုက်နှက်ခဲ့သည့်အပြင် လိပ်ပုတ်ရွာတွင်လည်း အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး ပြင်းပြင်းထန်ထန် ဖမ်းဆီးရိုက်နှက်ခံခဲ့ရပါသည်။
  • ကော့ကရိတ်မြို့နယ်: ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၂၈ ဦး ရှိပြီး အနည်းဆုံး ၅ ဦးနှင့်အထက်မှာ အမျိုးသားများ ဖြစ်သည်။ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်အုပ်စုတပ်ဖွဲ့၏ စစ်ကြောင်းထိုး ဝင်ရောက်ရိုက်နှက်မှုကြောင့် ကော့ကရိတ်မြောက်ပိုင်း မောင်းမကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်
  • ကျိုက်ထိုမြို့နယ်: စုစုပေါင်း လူငယ်အမျိုးသား ၃ ဦး ဖမ်းဆီးထိန်းသိမ်းခံရသည်။ ဖမ်းဆီးခံရသည့် လူငယ်နှစ်ဦးမှာ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၆ လေ့ကျင်းရေးကျောင်းသို့ စစ်မှုထမ်းတပ်သား စုဆောင်းခံရကြောင်း သိရှိရပါသည်။
  • ရေဖြူမြို့နယ်: စုစုပေါင်း ၆ ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅ ဦးမှာ အမျိုးသားများဖြစ်ပြီး ကျန် ၁ ဦးမှာ အမျိုးသမီး ဖြစ်သည်။ အသက် ၆၀ အရွယ် အပြစ်မဲ့အရပ်သားဖြစ်သော ကံပေါက်ရွာသားတစ်ဦးအား စစ်အာဏာရှင်တပ်မှ ရိုက်နှက်ခဲ့ကြောင်း လေ့လာသိရှိရသည်။
  • မော်လမြိုင်မြို့နယ် တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း ၃ ဦး ရှိပြီး၊ ချောင်းဆုံမြို့နယ် ရှိ ၆၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးသည်လည်း ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှုဥပဒေဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရသည်။

⌈ဖော်ပြပါ ဒေတာများသည် RICE သုတေသနအဖွဲ့က လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားသော အချက်အလက်များသာ ဖြစ်ပါသည်။ မြေပြင်ဖြစ်စဉ်များအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေတာအကန့်အသတ်များ ရှိနေနိုင် ကြောင်းကိုလည်း အသိပေးအပ်ပါသည်။⌉

ပြည်သူ့အိုးအိမ်ပျက်စီးဆုံးရှုံးမှုနှင့် စစ်ဘေးရှောင်အရေအတွက်များ

နိုဝင်ဘာလတွင် စစ်ရေးပဋိပက္ခများကြောင့် ရေးမြို့နယ်တွင် ပြည်သူ့အိုးအိမ် စုစုပေါင်း (၃) အိမ်ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။ သထုံမြို့နယ် တွင် စစ်ကော်မရှင်တပ် လက်နက်ကြီးတိုက်ခိုက်မှုကြောင်း ပြည်သူ့ သီးနှံပင် ပျက်စီးဆုံးရှုံးခဲ့ရအပြင် နေအိမ်အများအပြားပျက်စီးဆုံးရှုံးရပြီး မည်မျှဆုံးရှုံးခဲ့သည်ကို အသေးစိတ်မသိရှိရပေ။ ရေဖြူမြို့နယ်တွင် တိုက်ပွဲအခြေအနေကြောင့် စစ်ဘေးရှောင်အရပ်သား ၇၀၀ အထက် ထပ်တိုးလာပြီး စစ်ကော်မရှင်၏ ဒရုံးပစ်ခတ်မှုကြောင့် သာသနာအဆောက်အအုံ (၁)လုံး ပျက်စီးခဲ့သည်။

⌈ဖော်ပြပါ ဒေတာများသည် RICE သုတေသနအဖွဲ့က လက်လှမ်းမီသမျှ မှတ်တမ်းတင်ပြုစုထားသော အချက်အလက်များသာ ဖြစ်ပါသည်။ မြေပြင်ဖြစ်စဉ်များအားလုံးကို အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်းနှင့် ဒေတာအကန့်အသတ်များ ရှိနေနိုင် ကြောင်းကိုလည်း အသိပေးအပ်ပါသည်။⌉

Comments

No comments yet. Why don’t you start the discussion?

Leave a Reply