စစ်အုပ်ချုပ်ရေးအောက်က ရွေးကောက်ပွဲ

စစ်အုပ်ချုပ်ရေးအောက်က ရွေးကောက်ပွဲ

၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုဆိုင်ရာ အကဲဖြတ်ချက် အစီရင်ခံစာ ထုတ်ပြန်ခြင်း

ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်

›တွေ့ရှိချက်အကျဉ်း

၁။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် တူညီသော ယှဉ်ပြိုင်ကွင်း (Level Playing Field) ကို ဖန်တီးပေးမည့်အစား နိုင်ငံရေးပြိုင်ဆိုင်မှုကို စနစ်တကျ ကန့်သတ်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တရားဝင်မှု (Legitimacy) ပေးရန်အတွက်သာ ဖန်တီးထားသော “ထွက်ပေါက်” တစ်ခု ဖြစ်သည်။
၂။ လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC သည် စစ်အာဏာရှင်၏ နိုင်ငံရေးထွက်ပေါက် အတွက်သာ ဖန်တီးထားသော ယန္တရားတစ်ခုဖြစ်ပြီး၊ ၎င်း၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များသည် ဘက်လိုက်မှု ကင်းရှင်းသော ရွေးကောက်ပွဲတစ်ခု ဖြစ်ပေါ်လာစေရန် လုံးဝ အာမမခံနိုင်ပါ။
၃။ FPTP နှင့် ရောနှော ရွေးကောက်ပွဲစနစ်ပြောင်းလဲမှုသည် ဒီမိုကရက်တစ်စံနှုန်းအရ ကိုယ်စားပြုမှု ပိုမိုမျှတစေရန် မဟုတ်ဘဲ၊ စစ်အုပ်စုက အုပ်ချုပ်ရေးအာဏာကို လွယ်ကူစွာ ပြန်လည်ရယူနိုင်ရန်နှင့် အတိုက်အခံအင်အားစုများကို ဖြိုခွဲရန် စနစ်တကျ ဖန်တီးထားသော နည်းစနစ်/နည်းပညာဆိုင်ရာ ခြယ်လှယ်မှုတစ်ခုသာ ဖြစ်သည်။

၄။ အခြေခံ လွတ်လပ်ခွင့်များ ဆိတ်သုဉ်းပြီး “အကြောက်တရား လွှမ်းမိုးနေသော ပတ်ဝန်းကျင်” အောက်တွင် ကျင်းပမည့် မည်သည့် ရွေးကောက်ပွဲမဆို ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီမှု မရှိနိုင်ဘဲ တရားဝင်မှု ကင်းမဲ့သော ဖြစ်စဉ်သာ ဖြစ်လိမ့်မည်။

၅။ ၂၀၂၅ ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် “တူညီသော ယှဉ်ပြိုင်ကွင်း” (Level Playing Field) မဟုတ်ဘဲ၊ စစ်အုပ်စုက ၎င်းတို့၏ မဟာမိတ်များကိုသာ မျက်နှာသာပေးကာ အခြားအင်အားစုများကို စနစ်တကျ ဖိနှိပ်ထားသည့် “တစ်ဖက်သတ် ပြိုင်ပွဲ” သာ ဖြစ်နေသည်။
၅။ စစ်တမ်းအရ ၂၀၂၅ ရွေးကောက်ပွဲ စည်းမျဉ်းများသည် “တရားမျှတမှု” (Fairness) ကို အခြေမခံဘဲ၊ အုပ်စုတစ်စု (စစ်အုပ်စု) အာဏာရရှိရေးနှင့် အတိုက်အခံများကို ဖယ်ရှားရေး အတွက်သာ ဦးတည်ထားသဖြင့် နိုင်ငံရေးပါတီအားလုံးအတွက် တန်းတူအခွင့်အရေး မရှိပါ။
၆။ အဓိက နိုင်ငံရေးအင်အားစုများကို ဖယ်ထုတ်ထားခြင်းသည် ရွေးကောက်ပွဲ၏ “အားလုံးပါဝင်ခွင့်” နှင့် “မျှတမှု” စံနှုန်းများကို လုံးဝ ဖျက်ဆီးထားသဖြင့်၊ ဤရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုနိုင်ဘဲ တရားဝင်မှု ကင်းမဲ့သော အတုအယောင် ဖြစ်စဉ်သာ ဖြစ်သည်။
၇။ ၂၀၂၅ ရွေးကောက်ပွဲသည် ဘေးကင်းလုံခြုံမှုမရှိသော ကြောက်ရွံ့မှု ပတ်ဝန်းကျင်အောက်တွင် ကျင်းပခဲ့ခြင်းကြောင့် ၎င်းသည် ပြည်သူ့ဆန္ဒကို အစစ်အမှန် ဖော်ထုတ်နိုင်မည် မဟုတ်ဘဲ ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေမည့် အကျပ်အတည်းတစ်ခုသာ ဖြစ်လိမ့်မည်။

 

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်ပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply