ၜိုတ်ကၞာတ် ပရေင်ပၞာန် ပ္ဍဲတွဵုရးဍုင်မန် ဒကုတ်သၠုင်ကျာ ကဵု သၟဝ်ကျာ
မြန်မာ့အရေးနှင့် နိုင်ငံတကာ၏ သံတမန်ရေးရာချဥ်းကပ်မှု နှိုင်းယှဉ်လေ့လာချက်
နိုင်ငံတကာ တုံ့ပြန်မှု ကဏ္ဍ
အပတ်စဉ် | ငြိမ်းချမ်းရေးသုံးသပ်ချက်
ဖေဖော်ဝါရီလ ၂၂ရက်နေ့ ၊ ၂၀၂၆ခုနှစ်
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် နိုင်ငံတကာအဝိုင်းအဝန်း၏ တုံ့ပြန်မှုများကို လေ့လာရာတွင် တူညီသော ရပ်တည်ချက်ထက် ကွဲပြားခြားနားသော သံတမန်ရေးရာ လမ်းကြောင်းများကို ပိုမိုထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူနေသည့် ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံရှိ အာဏာသိမ်း စစ်အုပ်စုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်သော တော်လှန်ရေးအုပ်စုဟူသည့် အင်အားစုနှစ်ဖက်လုံးကို အပြုသဘောဆောင်သည့် ကြားဝင်စေ့စပ်ခြင်း (Constructive Engagement) ဖြင့် ချဉ်းကပ်နေပါသည်။
မွန်ပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း တိုက်ပွဲနှိုင်းယှဉ်ချက်
စစ်ရေးနှင့် ငြိမ်းချမ်းရေးသုံးသပ်ချက်
နိဒါန်း
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကာလအတွင်း မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွါးမှု စုစုပေါင်း (၈) ကြိမ် ရှိခဲ့သည်။ မွန်ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ်တွင် (၃) ကြိမ်၊ မွန်ပြည်နယ်မြောက်ပိုင်းတွင်တည်ရှိသော ကျိုက်ထိုမြို့နယ်တွင် (၂) ကြိမ်နှင့် ဘီးလင်းမြို့နယ်တွင် (၃) ကြိမ် ဖြစ်ပွါးခဲ့သည်ကို တွေ့ရသည်။ တိုက်ပွဲဖြစ်ပွါးမှုကို လေ့လာကြည့်လျှင် အာဏာသိမ်း စစ်အုပ်စုဘက်က စစ်ကြောင်းထိုးလာခဲ့ခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူသထူးခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
အကာဲအရာ စၠတ်ထဝ် တွဵုရးဍုင်မန် အလန်တတိယ
AUDIO PODCAST: 
ပေဲါရုဲမာဲ အလဵုသဳပၞာန် ၂၀၂၅ ဒဳဇြေမ္ဗာ ၁၈ဂှ်ဝွံ ပရေင်ဒစဵုဒစးကောမ်ကု ပရေင်ဟွံဒုင်တဲတံ နွံဒၟံင်ကီုလေဝ် တုဲဒှ်အာလဝ်ရ။ ပေဲါရဲုမာဲဏံဝွံ သွက်အနာဂတ်ကၟိန်ဍုင်သၟးဟွံက ဇီုကပိုက်ဒၟံင် ကုပရေင်စၞောန်ပတိုန်ထ္ၜးကောမ်ကု ပရေင်အုပ်ဓုပ် တွဵုရးတအ်လေဝ် နွံရ။ ခြာဟွံလံဏံ ပ္ဍဲတွဵုရးဍုင်မန် စၠတ်ထဝ်တွဵုရး အလန်တတိယ မံက်ကၠုင်မာန်တုဲ ဒှ်ပရေင်သ္ဒးမင်ကျောဝ်မွဲကီုရ။လိက်သ္ၚဳဂၠိပ်ဏအ်ဝွံ ဒုင်သဇိုင် ကုပေဲါရုဲမာဲ မကၠောန်ကၠုင်လဝ် နူဒဳဇြေမ္ဗာ၊ ၂၀၂၅ ဒဵုစိုပ် ဂျာန်ညဝ်ဝါရဳ၊၂၀၂၆ဂှ်တုဲ ပါ်ပဲါပတိုန်ထ္ၜးကဵု ဗီုပြင်ဒက်ပတိုန် စၠတ်ထဝ်တွဵုရးဍုင်မန်၊ပရေင်ပါ်ပရအ်အဝဵု ကု အကာဲအရာအလဵုသဳတအ်ရောင်။
စစ်အုပ်ချုပ်ရေးအောက်က ရွေးကောက်ပွဲ
၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲ၏ လွတ်လပ်မှုနှင့် တရားမျှတမှုဆိုင်ရာ အကဲဖြတ်ချက် အစီရင်ခံစာ ထုတ်ပြန်ခြင်း
ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်
မြင်တွေ့ရမည့် မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်း
နိဒါန်း
(၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မှစ၍ ကျင်းပခဲ့သည့် မြန်မာ့အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အတိုက်အခံ တော်လှန်ရေးအင်အားစုများ၏ ဆန့်ကျင်တိုက်ခိုက်မှုနှင့် လက်မခံမှုများ ရှိသော်ငြားလည်း ပြည်ထောင်စုတစ်ခုလုံး၏ အနာဂတ်အတွက်သာမက ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ရေးပုံစံများအပေါ်တွင် များစွာသက်ရောက်မှုရှိသည်။ အထူးသဖြင့် မွန်ပြည်နယ်တွင်လည်း တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပေါ်ထွက်လာမှုသည် အထူးအလေးထားစောင့်ကြည့်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ဤသုံးသပ်ချက်စာတမ်းသည် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလမှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း အဆင့်ဆင့်ကျင်းပခဲ့သော မွန်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်များအပေါ် အခြေခံ၍ ပေါ်ထွက်လာသည့် မွန်ပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံ၊ အာဏာခွဲဝေမှုနှင့် အစိုးရအလားအလာတို့ကို ခွဲခြမ်းစိတ်ဖြာ တင်ပြသွားမည်ဖြစ်ပါသည်။
မွန်ပြည်နယ်၊ မုဒုံစီမံကိန်းကြီး (Mega Project) နှင့် ဒေသခံတို့၏ လူမှု-စီးပွား သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာ
၁။ မုဒုံစီမံကိန်းကြီး(MegaProject)ဆိုင်ရာ လူမှုစီးပွားနှင့်ပြည်သူပူးပေါင်းပါဝင်မှု
လေ့လာ သုံးသပ်ချက်[1]
စီမံကိန်းကြီးများ (MegaProjects)တွင် တည်နေရာရွေးချယ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းသည် စီးပွားရေး သက်သက်သာမက နိုင်ငံရေးလှုံ့ဆော်မှုများပါ ပါဝင်လေ့ရှိသည်။ မုဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ စီမံကိန်းသည် ဒေသလိုအပ်ချက်အရ အောက်ခြေမှ တက်လာသော (Bottom-Up) စီမံကိန်း မဟုတ်ဘဲ၊ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း လမ်းညွှန်ချက်ဖြင့် (Top-down) စီမံခန့်ခွဲသည့် ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည်ကို လေ့လာ တွေ့ရှိရပါသည်။







