လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကြိုးပမ်းမှုနှင့်တော်လှန်ရေးအင်အားစုတို့၏ ရွေးကောက်ပွဲတုံ့ပြန်မှုများအကြား တင်းမာမှု အရှိန်အဟုန် မြင့်မားလာသည်။ မင်းအောင်လှိုင်တို့ စစ်အုပ်စုသည် ၎င်း၏တရားဝင်မှု (legitimacy)ကို ပြန်လည်တည်ဆောက်ရန် ရွေးကောက်ပွဲကို အဓိကလက်နက်အဖြစ် အသုံးပြုရန် ကြိုးပမ်းနေရာ လက်ရှိ ပဋိပက္ခအခြေအနေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကြောင့် ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပ၌သော်လည်း ကောင်း လုံးဝသံသယဖြစ်ဖွယ် အနေအထားတွင် ရှိနေသည်။