စစ်ကောင်စီ၊ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တရုတ်ငြိမ်းချမ်းရေး

နိုင်ငံရေးအရ ဖြေရှင်းရန်ဆိုပြီး တရုတ်နိုင်ငံ၏ စေ့စပ်မှုဖြင့် စစ်ကောင်စီငြိမ်းချမ်းရေးအဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ဖော်ပြောခဲ့သော်လည်း နှစ်ဖက်အင်အားစုတို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေသည်။ ၁၀ မိနစ်ခန့်သာ ကြာသည့် တွေ့ဆုံမှုက နိုင်ငံရေးဖြေရှင်းချက် ပြီးမြောက်နိုင်မည်မဟုတ်ပါ။ တရုတ်အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အရေးကိစ္စက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် မျှော်လင့်နိုင်မည်လော။
MNDAA ၏ စစ်အုပ်ချုပ်ရေးအပါအဝင် တပတ်အတွင်းသတင်းသုံးသပ်ချက်

MNDAA ၏ စစ်အုပ်ချုပ်ရေးအပါအဝင် တပတ်အတွင်းသတင်းသုံးသပ်ချက်

ယခုတပတ်သုံးသပ်ချက်တွင် စစ်ကောင်စီ၏ ပြောင်းလဲလာသော နိုင်ငံရေးတုံ့ပြန်မှုကို ကနဦးဖတ်ရှုရမည်။ ထို့နောက် ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းယူခဲ့သည့် ပန်ဆိုင်း (ကြူကုတ်) မြို့တွင် (MNDAA) က အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီး စစ်အုပ်ချုပ်ရေးဆန်ဆန် မြို့ကို ထိန်းချုပ်ထားသည့်အကြောင်းကို ရေးသားထားသည်။ စစ်ကောင်စီက အာဘောင်အာရင်းသန်သန်နှင့် မည်မျှပင် နိုင်ငံရေးဆိုဆို၊ ငြိမ်းချမ်းရေးဆိုဆို မည်သူမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ယုံကြည်နေလိမ့်မည် မဟုတ်တော့ပေ။…
အပတ်စဥ်သုံးသပ်ချက် (November 3rd week 2023)

အပတ်စဥ်သုံးသပ်ချက် (November 3rd week 2023)

NLD ပါတီမှ အာဏာရှင်ဆန်ဆန် ပြုလုပ်သည့် အပြုအမူမျိုး ရှောင်ကျဉ်သင့်သည်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRTH) က အတည်ပြုလိုက်သည့် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင်ပြင်ဆင်ရေး ဥပဒေမူကြမ်းအပေါ် မြိတ်နှင့် ထားဝယ်ရှိ နိုင်ငံရေး အင်အားစုများက ကန့်ကွက်ကြသည့်ကိစ္စက သာမန်မဟုတ်ပါ။ ယခုအခါ ဆောင်းရာသီသို့ ကူးပြောင်းသွားပြီ ဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင် မီးဘေးမှလွဲ၍…
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်

စစ်၏ ဆိုးမွေကို ရခိုင်ပြည်သူများ ခံကြရမည်ဖြစ်သော်လည်း ရခိုင်တို့ အချုပ်အခြာ အာဏာအတွက် ရောင်နီသန်းလာသည့်အချိန်တွင် ရခိုင့်တော်လှန်ရေးက မဖြစ်မနေ ရှေ့ဆက်ရအုံးမည်။ မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်တွင် ဒေသခံများအနေနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်သာ လုံးပမ်းနေရပြီး ယခုအခါ အဆင်ပြေရုံ အခြေအနေသာ ရှိဦးမည်။ သို့သည့်တိုင် ကံတရားက ရခိုင်ဒေသခံများအတွက် မျက်နှာသာ မပေးခဲ့ပေ။ လတ်တလော စိမ့်ဝင်ပျံ့နှံ့လာသည့် ၁၀၂၇ စစ်ဆင်ရေးဂယက်က…
စစ်ကောင်စီမှ တန်ပြန်ချေမှုန်းရေးနှင့်  အညာဒေသ မြို့သိမ်းတိုက်ပွဲ

စစ်ကောင်စီမှ တန်ပြန်ချေမှုန်းရေးနှင့် အညာဒေသ မြို့သိမ်းတိုက်ပွဲ

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်ထားသည့် နေရာများကို ပေးလိုက်ရပါက တရုတ်နယ်စပ်ကုန်သွယ်ရေး တခုလုံး မြောက်ပိုင်းသုံးဖွဲ့ လက်ထဲ အပ်လိုက်ရပေလိမ့်မည်။ သို့ဖြစ်ရာ လက်လွှတ်ခဲ့ရသော နေရာများ၊ စခန်းများ၊ မြို့များကို ပြန်လည်ထိန်းချုပ်နိုင်အောင် စစ်ကောင်စီတပ်က ပြန်လည် ထိုးစစ်ဆင်ဦးမည်သာ ဖြစ်သကဲ့သို့ မြောက်ပိုင်းသုံးဖွဲ့ကလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ဦးမည်ဖြစ်၏။ ကောလင်းမြို့သည် စစ်ကိုင်းတိုင်း၌ စစ်ကောင်စီ၏ ခရိုင်ရုံးစိုက်ရာ မြို့ကြီးတစ်ခုဖြစ်သလို တဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ…
အားလုံးပါဝင်နိုင်ခြင်းမရှိက မြန်မာပြည်မငြိမ်းချမ်းနိုင်

အားလုံးပါဝင်နိုင်ခြင်းမရှိက မြန်မာပြည်မငြိမ်းချမ်းနိုင်

မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အားလုံးပါဝင်မှု(All inclusive)ဆိုသည်မှာ ပဋိပက္ခဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ဟူသမျှကို ဆိုလိုသည်။ မည်သည့်တစ်စုတစ်ဖွဲ့ကိုမျှ ချန်လှပ်ထား၍ မရ။ စစ်ကောင်စီ၏ NCA ကဲ့သို့ မဟုတ်သော အားလုံးပါဝင်နိုင်မည့် ငြိမ်းချမ်းရေးလမ်းကြောင်းသစ်တစ်ခုရှိမှသာ  မြန်မာ့ငြိမ်းချမ်းရေးအတွက် လမ်းစပွင့်မည် ဖြစ်သည်။ ဤအခြေအနေတွင် မြန်မာစစ်ကောင်စီသည် ၎င်း၏ကျောထောက်နောက်ခံ အင်အားကြီး မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။ သို့သော် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသော…
ဗမာဖက်ဒရယ်ယူနစ်ပေါ်ပေါက်ရေး  ပြည်မသားများ ကြိုးပမ်းနေ

ဗမာဖက်ဒရယ်ယူနစ်ပေါ်ပေါက်ရေး ပြည်မသားများ ကြိုးပမ်းနေ

ပြောင်းပြန်ဖြစ်နေသည်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA (၈) နှစ်ပြည့်သည့်အချိန်တွင် တနိုင်ငံလုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသွားမည့်အစား တနိုင်ငံလုံးနီးပါး ပစ်ခတ်တိုက်ခိုက် နေသည်။ ပွဲမစည်စည်အောင် စစ်ကောင်စီက ချော့တိတ်လို့ရသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများကို ချော့တိတ်ဖိတ်ခေါ်ပြီး ကလန်ကဆန်လုပ် ဆန့်ကျင်သည့် အဖွဲ့ကိုကား အကြမ်းဖက်ပြသည်။ ဥပမာအနေဖြင့် KIO ကို သင်ခန်းစာပေးပြီး အခြားအဖွဲ့များကို ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်သည်။ အခြားတဖက်ဖြစ်သော (NUCC)…
NCA ၈ နှစ်ပြည့် ဘာထူးလဲ၊  နိုင်ငံတကာအမြင် ဘယ်လိုရှိသလဲ။

NCA ၈ နှစ်ပြည့် ဘာထူးလဲ၊ နိုင်ငံတကာအမြင် ဘယ်လိုရှိသလဲ။

စစ်ကောင်စီသည် စစ်ရေးပဋိပက္ခအကြား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်မှုနှင့်အတူ စည်းရုံးရေးလုပ်ငန်းများကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။ ယခုအခါ  အာဏာသိမ်းကာလ ဖြစ်သည့်အလျောက် စစ်ဘက်ရေးရာ ဌာနများသည် အရပ်ဘက်ဌာနများအပေါ် ဩဇာညောင်းနေသည်။ နောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ အတွင်းသတင်း ပေါက်ကြားမှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ပြီး တိုက်ခိုက်ခံရမှု များလည်း ရှိလာခဲ့သည်။ အရပ်ဘက်ဌာနများမှ သတင်းယိုစိမ့်သည်ဟု စစ်ကောင်စီဘက်က ယူဆလာပြီး စစ်ဘက်ရေးရာမှ အရာရှိများကို…
ဘုရားသုံးဆူမြို့ကို KNU က ထိန်းချုပ်လိုက်ပြီလား

ဘုရားသုံးဆူမြို့ကို KNU က ထိန်းချုပ်လိုက်ပြီလား

စစ်ကောင်စီအနေဖြင့် အဂတိလိုက်စားသည့် ထိပ်သီး စစ်ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် အရာရှိ အချို့တို့အပေါ် အရေးယူပြနေခြင်းက အမှန်တကယ် အဂတိတိုက်ဖျက်ရေး လုပ်နေသလား သို့တည်းမဟုတ် ၎င်တို့ အချင်းချင်းကြား ဝေစုမတည့်၍ စားမာန်ခုပ်ပွဲကြီး ပြုလုပ်နေသလား။ စစ်ကောင်စီသည် မြန်မာပြည် တောင်ပိုင်းဒေသများကို ပြည်လည်စိုးမိုးရန် အားယူနေချိန် မြို့နယ်အချို့ကို လက်လွှတ်ရမည့် အနေအထား ဖြစ်ပေါ်နေသည်။ စက်တင်ဘာလ (၂၀) ရက်တွင် “ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို…
ပြည်သူ့စစ်ခေါင်းဆောင်များနှင့် နစက ဥက္ကဌတို့ တွေ့ဆုံမှု ဘာထူးခြားသလဲ

ပြည်သူ့စစ်ခေါင်းဆောင်များနှင့် နစက ဥက္ကဌတို့ တွေ့ဆုံမှု ဘာထူးခြားသလဲ

ရွေးကောက်ပွဲအောင်မြင်ရေးအတွက် နစက က နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုတိုးကာ အိမ်နီးချင်းနိုင်ငံတို့မှတဆင့် တရားဝင်မှု ရယူရန် ကြိုးပမ်းနေသည့်ခြေလှမ်း ခပ်စိပ်စိပ်တွေ့ရသည်။ သို့သော်လည်း ပြည်တွင်းအခြေအနေကား ထင်သလောက် လွယ်ကူမည် မဟုတ်တော့ပေ။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွင် လက်နက်ပစ္စည်း အပါအဝင် စားနပ်ရိက္ခာများနှင့် တပ်အင်အား ဖြည့်တင်းမှုများအတွက် ကုန်းလမ်းအစား ပင်လယ်ရေကြောင်း အသုံးပြုမှုကို အဓိကထား အသုံးပြုလာရသည်အထိ စစ်ရေးအရ အရေးနိမ့်လာနေသည်။ မြေပြင်အခြေအနေအရ…