ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်၏ နိုင်ငံရေးအပြောင်းအလဲနှင့် မွန်ညီညွတ်ရေးပါတီ (MUP) ၏ အလားအလာ

ရွေးကောက်ပွဲအလွန် မွန်ပြည်နယ်၏ နိုင်ငံရေးအပြောင်းအလဲနှင့် မွန်ညီညွတ်ရေးပါတီ (MUP) ၏ အလားအလာ

နိဒါန်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် (၂၀၂၅) ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီးတွင် အချိုးအကွေ့အသစ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ အထူးသဖြင့် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲရလဒ်များ၊ စစ်အုပ်ချုပ်ရေးယန္တရား၏ ပုံစံသစ်များနှင့် ဒေသတွင်း တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်လာသည်။ ဤစာတမ်းသည် မွန်ညီညွတ်ရေးပါတီ (MUP) ၏ ရွေးကောက်ပွဲဆိုင်ရာ အောင်မြင်မှုများ၊ အစိုးရသစ်တွင် ပါဝင်လာနိုင်မည့် အခန်းကဏ္ဍနှင့် ဒေသခံပြည်သူတို့၏ နိုင်ငံရေးမျှော်လင့်ချက်များကို…
နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မှုများနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများ

နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မှုများနှင့် နောက်ဆက်တွဲ ရိုက်ခတ်မှုများ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရာမညအင်စတီကျူလူထုအခြေပြု နိုင်ငံရေးသုတေသနဌာန ၏ အစီရင်ခံစာတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများအပေါ် စစ်ကောင်စီ၏ ဗျူဟာမြောက် ပိတ်ဆို့မှုနှင့် လက်နက်ကိုင်အဖွဲ့စုံ၏ အဆမတန် အခွန်ကောက်ခံမှုများကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်နေပါသည်။ ဤအခြေအနေသည် ကုန်သည်များသာမက ပြည်သူများ၏ စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အပေါ် ဘက်စုံထိခိုက်စေလျက်ရှိရာ ယခုအစီရင်ခံစာတွင် အဆိုပါ အကျပ်အတည်းများကို အသေးစိတ်…
မြန်မာ့အရေးနှင့် နိုင်ငံတကာ၏ သံတမန်ရေးရာချဥ်းကပ်မှု နှိုင်းယှဉ်လေ့လာချက်

မြန်မာ့အရေးနှင့် နိုင်ငံတကာ၏ သံတမန်ရေးရာချဥ်းကပ်မှု နှိုင်းယှဉ်လေ့လာချက်

နိုင်ငံတကာ တုံ့ပြန်မှု ကဏ္ဍ

အပတ်စဉ် | ငြိမ်းချမ်းရေးသုံးသပ်ချက်

ဖေဖော်ဝါရီလ ၂၂ရက်နေ့ ၊ ၂၀၂၆ခုနှစ်

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေအပေါ် နိုင်ငံတကာအဝိုင်းအဝန်း၏ တုံ့ပြန်မှုများကို လေ့လာရာတွင် တူညီသော ရပ်တည်ချက်ထက် ကွဲပြားခြားနားသော သံတမန်ရေးရာ လမ်းကြောင်းများကို ပိုမိုထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် အာဆီယံအလှည့်ကျ ဥက္ကဌတာဝန်ယူနေသည့် ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံရှိ အာဏာသိမ်း စစ်အုပ်စုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါဝင်သော တော်လှန်ရေးအုပ်စုဟူသည့် အင်အားစုနှစ်ဖက်လုံးကို အပြုသ‌ဘောဆောင်သည့် ကြားဝင်စေ့စပ်ခြင်း (Constructive Engagement) ဖြင့် ချဉ်းကပ်နေပါသည်။

မွန်ပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း တိုက်ပွဲနှိုင်းယှဉ်ချက်

မွန်ပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း တိုက်ပွဲနှိုင်းယှဉ်ချက်

စစ်ရေးနှင့် ငြိမ်းချမ်းရေးသုံးသပ်ချက်

နိဒါန်း

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကာလအတွင်း မွန်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွါးမှု စုစုပေါင်း (၈) ကြိမ် ရှိခဲ့သည်။ မွန်ပြည်နယ်တောင်ပိုင်းရှိ ရေးမြို့နယ်တွင် (၃) ကြိမ်၊ မွန်ပြည်နယ်မြောက်ပိုင်းတွင်တည်ရှိသော ကျိုက်ထိုမြို့နယ်တွင် (၂) ကြိမ်နှင့် ဘီးလင်းမြို့နယ်တွင် (၃) ကြိမ် ဖြစ်ပွါးခဲ့သည်ကို တွေ့ရသည်။ တိုက်ပွဲဖြစ်ပွါးမှုကို လေ့လာကြည့်လျှင် အာဏာသိမ်း စစ်အုပ်စုဘက်က စစ်ကြောင်းထိုးလာခဲ့ခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒူသထူးခရိုင်နှင့် ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

မြင်တွေ့ရမည့် မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်း

မြင်တွေ့ရမည့် မွန်ပြည်နယ်လွှတ်တော်အခင်းအကျင်း

နိဒါန်း

(၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့မှစ၍ ကျင်းပခဲ့သည့် မြန်မာ့အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲသည် အတိုက်အခံ တော်လှန်ရေးအင်အားစုများ၏ ဆန့်ကျင်တိုက်ခိုက်မှုနှင့် လက်မခံမှုများ ရှိသော်ငြားလည်း ပြည်ထောင်စုတစ်ခုလုံး၏ အနာဂတ်အတွက်သာမက ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အုပ်ချုပ်ရေးပုံစံများအပေါ်တွင် များစွာသက်ရောက်မှုရှိသည်။ အထူးသဖြင့် မွန်ပြည်နယ်တွင်လည်း တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပေါ်ထွက်လာမှုသည် အထူးအလေးထားစောင့်ကြည့်ရမည့် ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ဤသုံးသပ်ချက်စာတမ်းသည် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလမှ (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း အဆင့်ဆင့်ကျင်းပခဲ့သော မွန်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်များအပေါ် အခြေခံ၍ ပေါ်ထွက်လာသည့် မွန်ပြည်နယ်လွှတ်တော်၏ ဖွဲ့စည်းပုံ၊ အာဏာခွဲဝေမှုနှင့် အစိုးရအလားအလာတို့ကို ခွဲခြမ်းစိတ်ဖြာ တင်ပြသွားမည်ဖြစ်ပါသည်။

မွန်ပြည်နယ်၊ မုဒုံစီမံကိန်းကြီး (Mega Project) နှင့် ဒေသခံတို့၏ လူမှု-စီးပွား သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာ

မွန်ပြည်နယ်၊ မုဒုံစီမံကိန်းကြီး (Mega Project) နှင့် ဒေသခံတို့၏ လူမှု-စီးပွား သက်ရောက်မှုများဆိုင်ရာ အစီရင်ခံစာ

၁။ မုဒုံစီမံကိန်းကြီး(MegaProject)ဆိုင်ရာ  လူမှုစီးပွားနှင့်ပြည်သူပူးပေါင်းပါဝင်မှု

  လေ့လာ သုံးသပ်ချက်[1]

စီမံကိန်းကြီးများ (MegaProjects)တွင် တည်နေရာရွေးချယ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းသည် စီးပွားရေး သက်သက်သာမက နိုင်ငံရေးလှုံ့ဆော်မှုများပါ ပါဝင်လေ့ရှိသည်။ မုဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ စီမံကိန်းသည် ဒေသလိုအပ်ချက်အရ အောက်ခြေမှ တက်လာသော (Bottom-Up) စီမံကိန်း မဟုတ်ဘဲ၊ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း လမ်းညွှန်ချက်ဖြင့် (Top-down) စီမံခန့်ခွဲသည့် ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်သည်ကို လေ့လာ တွေ့ရှိရပါသည်။

တင်တုပ်စိုတ် အာဇြဳယျာန်ဂှ် ဟွံဒှ်ကမၠောန်ရ

တင်တုပ်စိုတ် အာဇြဳယျာန်ဂှ် ဟွံဒှ်ကမၠောန်ရ

တင်တုပ်စိုတ် အာဇြဳယျာန်ဂှ် ဟွံဒှ်ကမၠောန်ရ နိဒါန် သၞာံ ၂၀၂၆ဂှ် သွက်ဍုင်ဒိုဟ်အဂၞဲ(ASEAN)သၟးဟွံက သွက်ပရေင်ကရေပ်ဂရတ်ဍုင်မျာန်မာလေဝ် စိုပ်အာနဒဒှ် တမ္ၚံက်မလုပ်ဝင် မွဲကဏ္ဍယျ။အခိင် ဍုင်ဖိလေပ်ပေန်လုပ်ကေတ်တာလျိုင် ဥက္ကဋ္ဌအာဇြဳယျာန်ဂှ်လေဝ် ပရေင်ဍုင်မျာန်မာဂှ် ဒှ်ဒၟံင်တင်ကော်ဆော ၜိုဟ်လလမ်ပ္ဍဲဒေသ ဇၞော်ကုဇြဟတ်ရ။တင်တုပ်စိုတ် အာဇြဳယျာန်မသုန်တင်(Five-Points  Consensus) မထမံက်လဝ်ပ္ဍဲ ၂၀၂၁ဂှ် ပေင်အာမသုန်သၞာံကီုလေဝ် မုလေဝ်ဟွံတၟေင်ကၠုင်မွဲသာ် အာဒၟံင် လ္ပာ်စ်ှေဏောင်ဂှ် ဂွံညာတ်ကေတ်ရ။ပရေင်ကံင်ဇြဳပၞာန် မပလဝ်မဇ္ဇျဟ်ကု ကတိကဝတ်၊ပရေင်ပကီုပရာပ်မဂၠိုင်ကၠုင် ပ္ဍဲဍုင်မျာန်မာကောမ်ကု ပရေင်ကၠောန်ဗဒှ်ပေဲါရုဲမာဲ…
❝ အာဆီယံ ဘုံသဘောတူညီချက် အလုပ်မဖြစ်နိုင်တော့ ❞

❝ အာဆီယံ ဘုံသဘောတူညီချက် အလုပ်မဖြစ်နိုင်တော့ ❞

နိုင်ငံတကာ တုံ့ပြန်မှု ကဏ္ဍ

အပတ်စဉ် | ငြိမ်းချမ်းရေးသုံးသပ်ချက်

ဇန်နဝါရီလ ၂၁ရက်နေ့ ၊ ၂၀၂၆ခုနှစ်

နိဒါန်း

​(၂၀၂၆) ခုနှစ်သည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွက်သာမက မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက်ပါ သမိုင်းဝင်အချိုးအကွေ့တစ်ခုသို့ ရောက်ရှိလာခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံ၏ အလှည့်ကျဥက္ကဌတာဝန်ကို စတင်ရယူလိုက်ချိန်တွင် မြန်မာ့အရေးသည် ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံးသော စိန်ခေါ်မှုအဖြစ် ရှိနေဆဲဖြစ်ပါသည်။ (၂၀၂၁) ခုနှစ်တွင် ချမှတ်ခဲ့သော အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus – 5PC) သည် (၅) နှစ်နီးပါး ကြာမြင့်လာသည့်တိုင်အောင် လက်တွေ့တွင် သိသာထင်ရှားသော အောင်မြင်မှု တစ်စုံတစ်ရာ မရရှိခဲ့ဘဲ အလုပ်မဖြစ်တော့သည့် အနေအထားသို့ ဆိုက်ရောက်နေပြီဖြစ်ပါသည်။ အာဏာသိမ်း စစ်အုပ်စု၏ ကတိကဝတ်များကို လျစ်လျူရှုမှု၊ မြန်မာနိုင်ငံအတွင်း တိုးပွားလာသော အကြမ်းဖက်မှုများနှင့် တစ်ဖက်သတ် ကျင်းပနေသော ရွေးကောက်ပွဲများသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုချက်ကျမှုကို ပြင်းထန်စွာ စမ်းသပ်လျက်ရှိပါသည်။ ဤသုံးသပ်ချက်စာတမ်းသည် (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပေါ်နေသော မြန်မာ့အရေးနှင် ပတ်သက်၍ နိုင်ငံတကာတုံ့ပြန်မှုများ၊ ဖိလစ်ပိုင်၏ ဦးဆောင်မှုအောက်တွင် ရှိနေသော အာဆီယံ၏ အနာဂတ်နှင့် မြန်မာ့အရေးအပေါ် အသေးစိတ် ခွဲခြမ်းစိတ်ဖြာ တင်ပြထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်၏ ဆောင်ရွက်လာနိုင်သည်များကို အသားပေးလျက်၊ အာဆီယံဘုံသဘောတူညီချက် အလုပ်မဖြစ်တော့ကြောင်းကို အချက်အလက်များနှင့်တကွ သုံးသပ်ပြသွားမည် ဖြစ်ပါသည်။

မွန်ပြည်၏ ရွေးကောက်ပွဲနှင့် လုံခြုံရေးအခြေအနေ

မွန်ပြည်၏ ရွေးကောက်ပွဲနှင့် လုံခြုံရေးအခြေအနေ

​နိဒါန်း

​ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးဆိုင်ရာအကြောင်းအရာများကို အသားပေးတင်ပြပေးသွားမည်ဖြစ်ပါသည်။ အကြောင်းအရာများမှာ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် အင်အားချထားမှုနှင့် လှုပ်ရှားမှုများ၊ တော်လှန်ရေးအင်အားစုများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အရပ်သားများအပေါ် သက်ရောက်မှုများကို လေ့လာသုံးသပ်ထားခြင်း ဖြစ်ပါသည်။

ကြံ့ဖွံ့ရှုံးသော ဘီလူးကျွန်း၊ MUP အောင်ပွဲနှင့် ကတိကဝတ်စိန်ခေါ်မှု

ကြံ့ဖွံ့ရှုံးသော ဘီလူးကျွန်း၊ MUP အောင်ပွဲနှင့် ကတိကဝတ်စိန်ခေါ်မှု

နိုင်ငံရေး ကဏ္ဍ
အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်
ဇန်နဝါရီလ ၉ရက်နေ့ ၊ ၂၀၂၅ ခုနှစ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။ နိုင်ငံအနှံ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရာနှုန်းပြည့်နီးပါး အနိုင်ရရှိသော်လည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) တွင် နှစ်နေရာ ရှုံးနိမ့်ခဲ့သည်။ မွန်ညီညွတ်ရေးပါတီ (MUP) က လွှတ်တော်နှစ်ရပ်စလုံးတွင် အနိုင်ရရှိခဲ့သော်လည်း ပြည်နယ်လွှတ်တော်နေရာတွင်မူ ကြိုတင်မဲများကြောင့် ရလဒ်ပြောင်းပြန်ဖြစ်သွားခဲ့သည့် ဖြစ်စဉ်ကလည်း ဒေသတွင်းဝေဖန်မှုများကို မြင့်တက်စေခဲ့သည်။