စစ်ရေးပဋိပက္ခအတွင်းက မွန်ပြည် နှင့် လိုအပ်သည့် တုံပြန်ချက်များ

0

စစ်ရေးပဋိပက္ခအတွင်းက
မွန်ပြည် နှင့် လိုအပ်သည့်  တုံပြန်ချက်များ

Peace and Conflict Analysis Report
ငြိမ်းချမ်းရေးနှင့် ပဋိပက္ခသုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ကြေညာချက်

စက်တင်ဘာ(၃၀) ရက်၊ ၂၀၂၅ခုနှစ်

ဤလေ့လာမှုအစီရင်ခံစာအား အဓိကအခန်းကြီး (၈) ခန်းဖြင့် ဖွဲစည်းတင်ပြထားပါသည်။

◈ အခန်း (၁) တွင် အစီရင်ခံစာ၏ နိဒါန်းပိုင်းဖြစ်ပြီး လေ့လာမှုပြုလုပ်ရခြင်း၏ နောက်ခံအကြောင်းအရာ၊ အဓိကရည်ရွယ်ချက်များ၊ ဤအစီရင်ခံစာ၏ ဖွဲစည်းတည်ဆောက်ပုံ နှင့် လေ့လာမှုတွင် အသုံးပြုထားသည့် အဓိကသဘောတရားများကို မိတ်ဆက်တင်ပြထားပါသည်။

◈အခန်း (၂) သည် လေ့လာမှု၏ သုတေသနနည်းစနစ်ပိုင်းဖြစ်ပြီး သုတေသနပြုလုပ် ရာတွင် ချဉ်းကပ်ခဲ့သည့်ပုံစံ၊ လေ့လာမှုပြုလုပ်ခဲ့သည့် နယ်ပယ်နှင့် ပထဝီဝင်အနေအထား၊ အချက်အလက်ကောက် ယူခဲ့သည့် နည်းလမ်းများ၊ သုတေသနလုပ်ငန်းစဉ်အတွင်း လိုက်နာခဲ့သည့် ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များနှင့် လုပ်ငန်းစဉ်၏ ကန့်သတ်ချက်များကို ရှင်းလင်းထားပါသည်။

◈အခန်း (၃) တွင် မွန်ပြည်နယ်တစ်ခုလုံး၏ အထွေထွေ အခြေအနေကို ခြုံငုံသုံးသပ်ထားပြီး၊ မြိုနယ်အလိုက် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများနှင့် ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုများ၊ ပြည်သူလူထုအပေါ် ကျရောက်နေသော လူမှု-စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများအပြင် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၏ အခြေ အနေကိုပါ လေ့လာတင်ပြထားပါသည်။

◈အခန်း (၄) တွင်မူ သီးခြားလေ့လာမှုပြုလုပ်ခဲ့သော ကျောက်မိချောင်းနှင့် ကျောင်းရွာ ကျေးရွာအုပ်စုများ၏ နောက်ခံသမိုင်းကြောင်း၊ ဒေသန္တရအုပ်ချုပ်ရေးအခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ နေရသော စစ်ရေးအခြေအနေများကို အကျဉ်းချုပ်လေ့လာထားပါသည်။

◈အခန်း (၅) ၌ စစ်ရေးပဋိပက္ခများကြောင့် လေ့လာမှုပြုလုပ်ခဲ့သည့် ဒေသများတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ ပြည်သူများ၏ အိုးအိမ် စည်းစိမ်နှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုးခဲ့ရမှုများကို အသေးစိပ်လေ့လာ တင်ပြထားပါသည်။

◈အခန်း (၆) သည် စစ်ဘေးရှောင်ပြည်သူများ ကြုံတွေ့ရသည့် အခြေအနေများ၊ နေရပ်စွန့်ခွာရခြင်းကြောင့် ဖြစ်ပေါ် လာသည့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသက်ရောက်မှုများ၊ အထူးသဖြင့် ထိခိုက်လွယ်အုပ်စုများ၏ အတွေ့အကြုံများနှင့် ပညာရေးအပေါ် သက်ရောက်မှုများကို လေ့လာသုံးသပ်ထားပါသည်။

◈အခန်း (၇) တွင် ပဋိပက္ခ ကြောင့် ဖြစ်ပေါ်လာသော ပြန်လည်ထူထောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကို တင်ပြထားပြီး၊ စီးပွားရေးလုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ၊ စားနပ်ရိက္ခာဖူလုံမှု၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးကဲ့သိုသော အခြေခံ အဆောက်အအုံများ ပြတ်တောက်မှု၏ အကျိုးဆက်များကို ဆန်းစစ်ထားပါသည်။

◈အခန်း (၈) သည် အစီရင်ခံစာ၏ နိဂုံးချုပ်အခန်းဖြစ်ပြီး လေ့လာတွေ့ရှိချက်များအပေါ် အနှစ်ချုပ်သုံးသပ်ချက်၊ ရှေ့ဆက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များနှင့် ဤအခြေအနေများတွင် အရပ်ဘက်လူမှုအဖွဲအစည်းများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာ အဖွဲအစည်းများ၏ အရေးပါသော အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြထားပါသည်။

  • Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း ကြည့်ရှုနိုင်သည်။

Facebook စာမျက်နှာ

 

Share.

About Author

Leave a Reply