ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေများ

ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေများ

Peace and Conflict Assessment Report Statement

ငြိမ်းချမ်းရေးနှင့် ပဋိပက္ခသုံးသပ်ချက် အစီရင်ခံစာ ထုတ်ပြန်ကြေညာချက်

အောက်တိုဘာ (၁၅) ရက်၊ ၂၀၂၄ ခုနှစ်

ရာမညအင်စတီကျူနိုင်ငံရေးသုတေသနဌာန RICE သည်  ဂျိုင်းမြစ်ဒေသနှင့် မွန်ပြည်အတွင်းရှိ ပြည်သူများခံစားနေရသည့် စစ်ဘေးဒုက္ခဆိုင်ရာ အချက်အလက်များကို မှတ်တမ်းတင်ပြုစုရန်၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများမှ ဓမ္မသရွာနှင့် ဂျိုင်းမြစ်ဒေသဖြစ်စဉ်ကို ပိုမိုသိရှိပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုရရှိစေရန်နှင့် ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံပြည်သူများ၏ ရေရှည်ဘဝ ရပ်တည်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့်  ၂၀၂၄ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေများအမည်ဖြင့် အစီရင်ခံစာတစ်စောင်ရေးသား ပြုစုခဲ့သည်။

ဓမ္မသရွာ၊ ဂျိုင်းမြစ်ဒေသနှင့် စကစ၏ စစ်ဆိုးမွေ အစီရင်ခံစာသည် မွန်ပြည်တလွှားက နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ဂျိုင်းမြစ်ဒေသတလျှောက်ရှိ ဒေသခံပြည်သူများ၏ စစ်ဘေးအတိဒုက္ခ အခြေအနေများအား အဓိကထား လေ့လာထားခြင်း ဖြစ်ပါသည်။

အစီရင်ခံစာတွင် အခန်း(၇)ခန်း ပါဝင်ပြီး အစီရင်ခံစာအကျဉ်းနှင့် သုတေသနနည်းနာ၊ ၂၀၂၁  ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်အတွင်း နိုင်ငံရေးနှင့် ပဋိပက္ခအခြေအနေ၊ ပဋိပက္ခကြောင့် ဂျိုင်းမြစ်ဒေသတလျှောက်ရှိ ထိခိုက်ပျက်စီးမှုများနှင့် ဒေသခံပြည်သူများ၏ စစ်ဆိုးကျိုးများ ခံရသည့် အခြေအနေ၊ စစ်ဘေးရှောင်များ အခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအခြေအနေများကို မှတ်တမ်းတင်ပြုစုထားသည်။

ထို့အပြင် အစီရင်ခံစာတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအပေါ် အကြုံပြုတိုက်တွန်းချက်များ ပါဝင်ပြီး  ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်း အဝိုင်းသို့အကြံပြုချက်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း EROs နှင့် တော်လှန်ရေး အင်အားစုများသို့ အကြံပြုချက်များ၊ လူထုအခြေပြုအဖွဲ့အစည်း (CSOs)နှင့် ရပ်ရွာ အခြေပြုအဖွဲ့အစည်း (CBO)များသို့ အကြံပြုချက်များနှင့် ပြည်သူလူထုများသို့ အကြံပြု တိုက်တွန်းချက်များ ပါဝင်သည်။

 

Comments

No comments yet. Why don’t you start the discussion?

Leave a Reply