၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ ထူးခြားသည့် သဝဏ်လွှာနှင့် ထုတ်ပြန်ကြေညာချက်များ

၇၈ ကြိမ်မြောက် မွန်အမျိုးသားနေ့မှ ထူးခြားသည့် သဝဏ်လွှာနှင့် ထုတ်ပြန်ကြေညာချက်များ

မွန်နိုင်ငံရေး အသိုင်းအဝိုင်းကြား၌ လက်တွေ့ကျသည့် မွန်ပြည်တည်ဆောက်ရေး မဟာဗျူဟာတရပ် ရေးဆွဲရန် လိုအပ်နေသည့် အချိန်အခါ ဖြစ်နေသည်။ နှစ်စဉ် တပို့တွဲလပြည့်ကျော်(၁)ရက်နေ့ ရောက်တိုင်း မွန်လူထုတရပ်လုံးက မွန်အမျိုးသားနေ့ အခမ်း အနားကြီးကို ဆင်နွှဲလာသည်မှာ ၇၈ နှစ်အထိ ရောက်ရှိခဲ့ပါပြီ။ သို့သော်လည်း မွန်တို့အနေဖြင့် လိုချင်သော နိုင်ငံရေးပန်းတိုင်နှင့် ဝေးကွာလျက် ရှိနေပါသည်။ မွန်နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုကို အမြဲတစေ လေ့လာစောင့်ကြည့်နေသော…
ထိုင်းဝရမ်းနှင့်အာဂျင်တီးနားဝရမ်း  မည်သည်ပိုစွမ်းသနည်း

ထိုင်းဝရမ်းနှင့်အာဂျင်တီးနားဝရမ်း မည်သည်ပိုစွမ်းသနည်း

မြန်မာပြည်နှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများကို RICE သုတေသနအဖွဲ့က လေ့လာ စောင့်ကြည့်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ မကုန်ခင်နှင့် ယခု  ဖေဖော်ဝါရီလအတွင်းဆင်ခြင် သုံးသပ် စရာများထဲတွင်  ချန်လှပ်ထား၍ မရသည့် ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ကိစ္စကို တင်ပြထားပါသည်။ ကျားဖြန့်ကိုနှိမ်နင်းရန်အတွက် အိမ်နီးချင်းနိုင်ငံဖြစ်သည့်ထိုင်းက နယ်စပ်တွင် မီးဖြတ်ရာမှသည် ‌(BGF)ခေါင်းဆောင်စောချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ဆွေးနွေးသည့်ကိစ္စအထိ ဂယက်အလွန်ရိုက်ခဲ့သည့်…
ပြည်နယ်ခြားဖြတ်သန်းခွင့်ကဒ်ကို IEC ကျင့်သုံးမည်

ပြည်နယ်ခြားဖြတ်သန်းခွင့်ကဒ်ကို IEC ကျင့်သုံးမည်

ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) သည် လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၏ နယ်မြေ (၈၀) ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့တိုင်းတွင်လည်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ မွေးမြူရေး၊ ကျန်းမာရေး အစရှိသော ဌာနများ ဖွဲ့စည်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရား ထူထောင်ထားသည်။ ကောင်းစွာ လည်ပတ် မှုရှိအောင်လည်း စွမ်းဆောင်လျက် ရှိသည့်အကြောင်းကို ဤသီတင်းပတ်…
စစ်ကောင်စီ၏ ဒရုန်းရန်နှင့် ရာမညစစ်ကြောင်း

စစ်ကောင်စီ၏ ဒရုန်းရန်နှင့် ရာမညစစ်ကြောင်း

ယ္ခုစာတမ်းသည် ရာမညအင်စတီကျု နိုင်ငံရေးသုတေသနဌာနမှ စုစည်းရရှိထားသည့် မွန်ပြည်အတွင်းရှိ ဇန်နဝါရီတစ်လတာ စစ်ရေးဆိုင်ရာသတင်းများအနက် သိသင့်သိထိုက်သော အကြောင်းအရာအချို့ကိုသာ သုံးသပ်တင်ပြထားသည်။ မြေပြင်ရှိ စစ်ကောင်စီကို ဆန့်ကျင်နေသော မွန်တပ်များအားလုံး ပါဝင်ခဲ့သည့် ကျုံလောင်းရွာတိုက်ပွဲနှင့် မွန်တပ်များ ပေါင်းစည်းမှုအကြောင်းအပြင် မွန်ပြည်အတွင်း စစ်ကောင်စီ၏ ဒရုန်းအသုံးပြုတိုက်ခိုက်မှု စသည့်အကြောင်းအရာကိုပါ ယ္ခုသုံးသပ်ချက်စာတမ်းအတွင်း ဖော်ပြထားသည်။ Flipbook ဖွင့်ဖတ်ပြီး ‌Download ရယူနိုင်သလို အောက်တွင် ရုပ်သံဖြင့်လည်း…

❝အိန္ဒိယပြန် မွန်ညီညွတ်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနှင့်‌၂၀၂၅ ရွေးကောက်ပွဲအကြို သုံးသပ်ချက်❞

မွန်နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုကို ရာမညအင်စတီကျူက လေ့လာစောင့်ကြည့်နေပါသည်။ ယခု အပတ်စဉ် ငြိမ်းချမ်းရေးသုံးသပ်ချက်တွင် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားချက်အရ စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၅)ဖွဲ့နှင့်၊ နိုင်ငံရေးပါတီခေါင်းဆောင်အချို့တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် ဆိုင်ရာဆွေးနွေးပွဲ တက်ရောက်ခဲ့သည့်အကြောင်းကို ကနဦး ရေးသားထားသည်။ လာမည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက အစွမ်းကုန်ကြိုးပမ်းနေချိန်၊ စစ်ကောင်စီနှင့်အတူ အိန္ဒိယခရီးစဉ် ပြန်လာပြီးနောက် မွန်အမျိုးသားညီလာခံကျင်းပရန် အသံထွက်လာသည်။ စစ်ကောင်စီ၏…

ယူနန်ပြန် မင်းအောင်လှိုင်၊ အမေရိကန်သမ္မတ အပြောင်းအလဲနှင့် မြန်မာ့အရေးအပေါ် ရိုက်ခတ်မှု

  မင်းအောင်လှိုင်ကို မျက်နှာသာပေးခြင်းနှင့် တရုတ်၏ ‘ ရေစတဖက် မီးမှုတ်တဖက် ’  ဗျူဟာကို ပေါ်ပေါ်တင်တင် ထုတ်သုံးလာပြီဟု ဆိုနိုင်သည်။ မြန်မာပြည်နှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများကို RICE သုတေသနအဖွဲ့က လေ့လာစောင့် ကြည့်လျက် ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်း၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယူနန်ပြည်နယ်မှ ပြန်လာသော တရုတ်ခရီးစဉ်၏ ထူးခြားချက်ကို…

❝ မွန်ပြည်မှ တိုက်ပွဲအသံ ❞

တခန်းရပ်နေသည့် မွန်လက်နက်ကိုင်အဖွဲ့များ၏ တကျော့ပြန် စစ်ဆင်ရေးကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အဘစ်တိုက်ပွဲနှင့် စတင်လာခဲ့ပြီး သတိပြုစရာအချက်များကို ယ္ခုလ၏ စစ်ရေးဆိုင်ရာ သုံးသပ်ချက်တွင် တင်ပြထားပါသည်။ ထို့အပြင် မွန်ပြည်၏ တိုက်ပွဲအခြေအနေနှင့် ဘုရားသုံးဆူဒေသအခြေစိုက် အမှတ် (၅) တပ်ရင်း ထပ်မံ ခွဲထွက်မှုနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ (NCA) ၏ ထုတ်ပြန်စာအကြောင်းတို့ကိုလည်း တင်ပြသုံးသပ်ထားပါသည်။

❝တရုတ်ဖိအား၊ အာဆီယံဓါတ်ပြားဟောင်းနှင့် ထိုင်းနိုင်ငံ၏ စိုးရိမ်မှု❞

မြန်မာပြည်နှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်မှုများကို RICE သုတေသနအဖွဲ့က လေ့လာစောင့် ကြည့်လျက် ရှိပါသည်။ ယခုအောက်တိုဘာလအတွင်း ဆင်ခြင်သတိထားစရာ အကြောင်းအရာ(၃)ခုကို တင်ပြထားပါသည်။ ပထမတစ်ခုတွင် မြန်မာ့နိုင်ငံရေးထဲ တရုတ်၏ ဝင်ရောက်စွက်ဖက်မှုများလာသည့် အကြောင်းကို ကနဦးဖတ်ရှုရမည်။ ထို့နောက် မထူးခြားသော အာဆီယံဆွေးနွေးပွဲနှင့် ထိုင်းနိုင်ငံ၏ ပြောဆိုမှုများကိုလည်း ရေးသာထားသည်။ ရုပ်သံကြည့်ရှုရန် >>>
ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး

ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့်အတူ ဖက်ဒရယ်အသံလည်း ဆူညံနေသည်။ ယခုတပတ်တွင် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် EROs (၃) ဖွဲ့၊ ပြည်နယ်/လူမျိုး ကိုယ်စားပြုကောင်စီ (၅) ခုနှင့် အမျိုးသမီးများအဖွဲ့ချုပ် (WLB) တို့အကြား ဖက်ဒရယ်ဘုံသဘောထားတူညီချက်များ ရရှိထားသည့်အကြောင်းကို ကနဦးပြောပြထားသည်။ လက်ရှိဖက်ဒရယ်အရေးနှင့် ပတ်သက်၍ ကရင်နီပြည်ကို စံပြုစရာနမူနာကောင်း ဖြစ်သည့်အကြောင်း ပါဝင်ပြီး ကရင်နီကဲ့သို့ မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ်…
ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် မွန်စစ်ရေး/နိုင်ငံရေးအဖွဲ့များ၏ တုံ့ပြန်ချက်

ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူမှုအပေါ် မွန်စစ်ရေး/နိုင်ငံရေးအဖွဲ့များ၏ တုံ့ပြန်ချက်

၂၀၂၅ အတွင်း ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်ထားသော စစ်ကောင်စီက သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းကို ပြုလုပ်နေပါသည်။ စကစ၏ အကြံတစ်ခုဖြစ်သော နိုင်ငံရေးထွက်ပေါက် ရရှိရေးအတွက် ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းရန် ထူးထူးခြားခြား စတင်ကမ်းလှမ်းလာသည်။ ဤအခြေအနေနှင့် ပတ်သက်၍ မွန်ပြည်ရှိ စစ်ရေး/နိုင်ငံရေးအဖွဲ့အစည်းတို့က မည်သို့မည်ပုံ တုံ့ပြန်ထားပါသနည်း။ အဆိုပါတုံ့ပြန်ချက်များနှင့်အတူ မွန်နိုင်ငံရေးသုံးသပ်ချက်အချို့ကို ဤစာတမ်းတွင် ဖတ်ရှုရပေမည်။…