ရွေးကောက်ပွဲနှင့်အပြိုင် လုံခြုံရေးစိုးရိမ်ရမည့် ရေး

ရွေးကောက်ပွဲနှင့်အပြိုင် လုံခြုံရေးစိုးရိမ်ရမည့် ရေး

စစ်ရေး ကဏ္ဍ အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက် ဒီဇင်ဘာလ ၁၅ရက်နေ့ ၊ ၂၀၂၅ ခုနှစ် နိဒါန်း လက်ရှိမွန်ပြည်နယ်တွင် တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ဆိုပါက တိုက်ပွဲဖြစ်ပွါးမှု ငြိမ်သက်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော်လည်း ရေးမြို့နယ်တွင်မူ တိုက်ပွဲဖြစ်ပွါးမှုများ ဆက်ရှိနေသည်ကို တွေ့ရပါသည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ (၆) နယ်မြေအတွင်းသို့ အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပါသည်။ ဤသုံးသပ်ချက်စာတမ်းသည်…
လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ နိုဝင်ဘာလ ၂၀၂၅ခုနှစ် ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သား ထိခိုက်မှု အခြေအနေများကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။ယခု လေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀ မြို့နယ်)၊ ကရင်ပြည်နယ်…
မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒနှင့် သဘောထားကွဲလွဲမှုများ

မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒနှင့် သဘောထားကွဲလွဲမှုများ

နိုင်ငံရေး ကဏ္ဍ

အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်
ဒီဇင်ဘာလ ၇ရက်နေ့ ၊ ၂၀၂၅ ခုနှစ်

 

နိဒါန်း

များမကြာမီကာလတွင် ကျင်းပတော့မည့် မြန်မာ့အာဏာသိမ်း စစ်အုပ်စု၏ ‌(၂၀၂၅) ခုနှစ်ရွေးကောက်ပွဲတွင် မွန်တို့၏ နိုင်ငံရေးပါတီဖြစ်သော မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲ မူဝါဒသဘောထားများကို အာဏာသိမ်း စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရုင်မြင်သံကြားမှ ထုတ်ပြန်ထားပြီး ပါတီ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပြန်လည်ဖော်ပြထားသည်ကို တွေ့ရပါသည်။ ယ္ခုသုံးသပ်ချက်စာတမ်းတွင် ထိုထုတ်ပြန်ထားသည့် မွန်ညီညွတ်ရေးပါတီ၏ မူဝါဒသဘောထားများကို အသားပေးသုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ ထို့အပြင် စစ်အုပ်စု၏ (၂၀၂၅) ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘောထားရပ်တည်ချက်တချို့ကိုလည်း ကောက်နုတ်ဖော်ပြသွားမည်ဖြစ်ပါသည်။

စစ်အုပ်ချုပ်ရေးအောက်က  စက်သုံးဆီပြတ်လပ်မှုပြဿနာ

စစ်အုပ်ချုပ်ရေးအောက်က စက်သုံးဆီပြတ်လပ်မှုပြဿနာ

၁။ မွန်ပြည်နယ် စက်သုံးဆီ ဖြန့်ဖြူးရေးကဏ္ဍ အကျပ်အတည်းနှင့် လူမှု-စီးပွား တည်ငြိမ်မှုအပေါ် သက်ရောက်မှု

 စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွင် မွန်ပြည်နယ်သည် ၎င်း၏ စက်သုံးဆီ ဖြန့်ဖြူးရေးစနစ်ကို ရန်ကုန် (သီလဝါဆိပ်ကမ်း) မှ မုဒုံမြို့နယ်ရှိ Puma International Port Terminal (ရာဇာမင်း ဆိပ်ကမ်း) သို့ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်းခဲ့သည်။[1] ဤစနစ်ပြောင်းလဲမှုသည် ဆီပန့်မလုံလောက်မှု၊ နယ်စပ်ဒေသသို့ တရားမဝင် တင်ပို့မှုများ နှင့်အတူ စီမံခန့်ခွဲမှု အားနည်းချက်များ ကစက်သုံးဆီ ပြတ်လပ်မှုနှင့်ဈေးနှုန်းမြင့်တက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများ၏ မြန်မာအရေးတုံ့ပြန်မှုများအား လေ့လာသုံးသပ်ခြင်း

အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများ၏ မြန်မာအရေးတုံ့ပြန်မှုများအား လေ့လာသုံးသပ်ခြင်း

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် ဒေသတွင်းအဖွဲ့အစည်းဖြစ်သော အာဆီယံ (ASEAN) ၏ စည်းလုံးညီညွတ်မှုနှင့် ဗဟိုပြုမှု (Centrality) ကို စိန်ခေါ်နေသည့် အဓိကပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်မှ နိုဝင်ဘာလ ၁၉ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံတကာတုံ့ပြန်မှုများ၊ အထူးသဖြင့် အာဆီယံနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများ၏ လှုပ်ရှားမှုများကို လေ့လာကြည့်ပါက မြန်မာ့အရေးသည် အာဆီယံစားပွဲဝိုင်းပေါ်တွင် အရေးပါသော ခေါင်းစဉ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤသုံးသပ်ချက်စာတမ်းတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ စုပေါင်းဆုံးဖြတ်ချက်များ၊ မလေးရှား၊ ထိုင်းနှင့် ဖိလစ်ပိုင် စသည့် အဖွဲ့ဝင်နိုင်ငံများ၏ တစ်သီးပုဂ္ဂလ သဘောထားရပ်တည်ချက်များနှင့် စစ်ကောင်စီ၏ တုံ့ပြန်မှုများကို သုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။

ပၟိက်မလုပ်တဴ သွက်တၠအဝဵုပၞာန် ဂၠံင်ရေဝ်-ဇြပ်ဗု

ပၟိက်မလုပ်တဴ သွက်တၠအဝဵုပၞာန် ဂၠံင်ရေဝ်-ဇြပ်ဗု

AUDIO PODCAST: 🔊   ကြပ်ကၠုင် ကုပေါဲရုဲမာဲတုဲ တၠအဝဵုပၞာန်တအ် ထ္ၜးဟိုတ်ကုပရေင်ဍုင်ကွာန် သ္ဂောအ်ညိင်ဝပ်တုဲ ထပက်ကၠုင်ဒၟံင်ပၞာန် ဗွဲမသ္ကာတ်မြဟ်ရ။ တုပ်တဴသာ်ဏအ်ရ ပ္ဍဲတွဵုရးဍုင်မန်သၠုင်ကျာ၊သၟဝ်ကျာလေဝ် တၠအဝဵုပၞာန်တအ် ထပက်ကၠုင်ပၞာန် ဗွဲမကၠေတ်ဂှ် ဂွံညာတ်ကၠုင်ရ။နနဲထပက်ပၞာန်သာ်ဏအ်တအ် ကောမ်ကု စကာက္ၜင်ကျာတအ် ထပက်ကၠုင် ကုပၞာန်ကျာဂှ် ရးမန်သကုတ်သၟဝ်တေအ် နွံကၠုင်ကီုလေဝ် သကုတ်သၠုင်ကျာဂှ် ပြဝ မထက်ပၞာန် ကုက္ၜင်ကျာဂှ် ဟွံဂွံညာတ်‌ရ။ ဂၠံင်ဇၞော်ကၟိန်ဍုင် စၟတ်(၈)ဂှ်…
စစ်အုပ်စုအတွက် အရေးပါသည့် ရေး-သံဖြူဇရပ် လမ်းပိုင်း

စစ်အုပ်စုအတွက် အရေးပါသည့် ရေး-သံဖြူဇရပ် လမ်းပိုင်း

စစ်အုပ်စုအတွက် အရေးပါသည့် ရေး-သံဖြူဇရပ် လမ်းပိုင်း စစ်ရေး ကဏ္ဍ အပတ်စဉ် ငြိမ်းချမ်းရေးသုံးသပ်ချက် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲနီးလာချိန် စစ်အုပ်စု၏ အရှိန်မြှင့် စစ်ကြောင်းထိုးမှုများ ဘယ်လိုရှိနေပြီလဲ? စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါပြီး နှစ်နဲ့ချီ လက်လွှတ်ထားရသော ရေး-သံဖြူဇရပ်လမ်းပိုင်း ကို စစ်အုပ်စုက ပြန်လည်ရယူနိုင်မလား? မြောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ တောင်ပိုင်းတွင် ပင်လယ်ရေလမ်းကြောင်းအပေါ် မှီခိုမှု နှင့်အတူ…
ဗျူဟာပေါဲရုဲမာဲ ကု ဂကောမ်ရပ်လွဟ် သကုတ်သၠုင်ကျာ

ဗျူဟာပေါဲရုဲမာဲ ကု ဂကောမ်ရပ်လွဟ် သကုတ်သၠုင်ကျာ

တၠအဝဵုပၞာန်တအ်ဝွံ နူဍေဟ်တအ် စသီအဝဵု စၟတ်တ္ၚဲ ၁ ၊ ဂိတု ဝှာပ်ဘျဝ်ဝါရဳ၊ သၞာံ၂၀၂၁ ဂှ် လလောင်တြးကၠုင် အကာဲအရာ/ကာပရှ် မွဲသၞာံတုဲ စိုပ် သၞာံ၂၀၂၅ ဂိတုဂျူလာင် စၟတ်တ္ၚဲ ၃၁ ဂှ် ဆက်ကၠုၚ်အယုက်သီအဝဵု စိုပ်ကၠုၚ် မရနုက်ကဵု ၇ ဝါရ။ အခိင် အကာဲအရာကာပရှ် မရနုက်ကု ၇ ဝါ မအိုတ်ကၠုင်ဂှ်…
ရွေးကောက်ပွဲဗျူဟာနှင့်  တောင်ပိုင်းလက်နက်ကိုင်အင်အားစုများ

ရွေးကောက်ပွဲဗျူဟာနှင့် တောင်ပိုင်းလက်နက်ကိုင်အင်အားစုများ

လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲကြိုးပမ်းမှုနှင့်တော်လှန်ရေးအင်အားစုတို့၏ ရွေးကောက်ပွဲတုံ့ပြန်မှုများအကြား တင်းမာမှု အရှိန်အဟုန် မြင့်မားလာသည်။ မင်းအောင်လှိုင်တို့ စစ်အုပ်စုသည် ၎င်း၏တရားဝင်မှု (legitimacy)ကို ပြန်လည်တည်ဆောက်ရန် ရွေးကောက်ပွဲကို အဓိကလက်နက်အဖြစ် အသုံးပြုရန် ကြိုးပမ်းနေရာ လက်ရှိ ပဋိပက္ခအခြေအနေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်များကြောင့် ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပ၌သော်လည်း ကောင်း လုံးဝသံသယဖြစ်ဖွယ် အနေအထားတွင် ရှိနေသည်။      …
စစ်အာဏာ မစွန့်လွှတ်သရွေ့  ပြည်သူများ ဒုက္ခကို ခါးစည်းခံနေရမည်

စစ်အာဏာ မစွန့်လွှတ်သရွေ့ ပြည်သူများ ဒုက္ခကို ခါးစည်းခံနေရမည်

စစ်အာဏာ မစွန့်လွှတ်သရွေ့ ပြည်သူများ ဒုက္ခကို ခါးစည်းခံနေရမည် လူမှု-စီးပွားသုံးသပ်ချက် အောက်တိုဘာလ ၂၈ရက်နေ့ ၊ ၂၀၂၅ ခုနှစ် အာဏာသိမ်း စစ်ကော်မရှင်အုပ်စုသည် တရားဝင်စီးပွားရေး လမ်းကြောင်းများအား ပိတ်ဆို့ခြင်း၊ တရားဥပဒေစိုးမိုးမှု ယိုယွင်းနေခြင်းကို အခွင့်ကောင်းယူ၍ လောင်းကစားလုပ်ငန်းများအား တရားဝင်သဖွယ် ခွင့်ပြုခြင်းအပြင် ပြည်သူထံမှ တိုက်ရိုက်အမြတ်ထုတ်သည့် အခြေအနေတို့ကို အောက်ပါ မွန်ပြည်၏ လူမှု-စီးပွားဆိုင်ရာသုံးသပ်ချက်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။ Flipbook…