လေဘေး၊ ရေဘေး နှင့် စစ်ဘေး အပြင် အာဏာသိမ်းစစ်အစိုးရ၏ မူဝါဒအလွဲများမှ ရိုက်ခတ်မှုများ

လေဘေး၊ ရေဘေး နှင့် စစ်ဘေး အပြင် အာဏာသိမ်းစစ်အစိုးရ၏ မူဝါဒအလွဲများမှ ရိုက်ခတ်မှုများ

ဤအစီရင်ခံစာသည် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း မွန်ပြည်နယ်၌ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲနှင့် အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု လေဟာနယ်တို့ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို မီးမောင်းထိုးပြထားသည်။ မိုးဇလ၏ ကြိုတင်သတိပေးချက်များ ရှိသော်လည်း ကြိုတင်ပြင်ဆင်မှုမရှိသည့်အပြင် ကူညီထောက်ပံ့ရေးတွင်လည်း "တရားဝင် / မတရားဝင်" ဟူသော ခွဲခြားဆက်ဆံမှုများကြောင့် အမှန်တကယ် ဒုက္ခရောက်နေသူများ ပစ်ပယ်ခံခဲ့ရသည်။ ထို့ပြင် ရေး၊…
မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။ ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့်…
မြန်မာနှင့် အာဆီယံ – ပြောင်းလဲနေသော ဒေသတွင်းဟန်ချက်

မြန်မာနှင့် အာဆီယံ – ပြောင်းလဲနေသော ဒေသတွင်းဟန်ချက်

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းသည် အာဆီယံခေါင်းဆောင်များအတွက် အဓိက စိန်ခေါ်မှုကြီး တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်မှ ဇူလိုင်လ (၁၅) ရက်အထိ ရရှိထားသော အချက်အလက်များအရ ဒေသတွင်းခေါင်းဆောင်များသည် ဆွေးနွေးပွဲအသစ်များ ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း အသွင်ပြောင်းစစ်အစိုးရဘက်ကမူ ငြိမ်းချမ်းရေးအလားအလာအပေါ် ရှေ့နောက်မညီသော အရိပ်အယောင်များကိုသာ ပြသခဲ့သည်။ နိုင်ငံတကာဖိအားများနှင့် ပြည်တွင်းပဋိပက္ခများသည်…
စစ်အုပ်စု၏ ဖိအားအမျိုးမျိုးနှင့် မွန်ပြည်သစ်ပါတီအပေါ် ရိုက်ခတ်မှု

စစ်အုပ်စု၏ ဖိအားအမျိုးမျိုးနှင့် မွန်ပြည်သစ်ပါတီအပေါ် ရိုက်ခတ်မှု

နိဒါန်း အာဏာသိမ်း စစ်အုပ်စုသည် ရက် (၁၀၀) အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လျက်ရှိသော်လည်း တစ်ဖက်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ကြောင်းထိုးခြင်းများနှင့် နယ်မြေရှင်းလင်းရေးများကို ဆက်လက်အရှိန်မြှင့် လုပ်ဆောင်နေသည်။ ယင်းသည် ငြိမ်းချမ်းရေးဆွေးနွေးမှုကို နိုင်ငံရေးပရိယာယ် တစ်ရပ်အဖြစ် အသုံးပြုနေစဉ် တစ်ပြိုင်နက်တည်း စစ်ရေးဖိအားကိုပါ တိုးမြှင့်အသုံးချနေသည်။ (၂၀၂၆) ခုနှစ်၊ ဇွန်လ (၁၄) ရက်မှ ဇူလိုင်လ…
အာဆီယံ၏ ရပ်တည်ချက်ကို စစ်အစိုးရ မေးခွန်းထုတ်ခြင်း

အာဆီယံ၏ ရပ်တည်ချက်ကို စစ်အစိုးရ မေးခွန်းထုတ်ခြင်း

နိဒါန်း လက်ရှိမြန်မာ့နိုင်ငံရေး မျက်နှာစာတွင် အာဏာသိမ်း စစ်အစိုးရဘက်က ၎င်းနှင့် ပလဲနံသင့်နေသော အိမ်နီးချင်းနိုင်ငံများသို့ နိုင်ငံတော်အဆင့် ခရီးစဉ်များအဖြစ် သွားရောက်နေသည်ကို တွေ့ရသည်။ စစ်အစိုးရ၏ နိုင်ငံတကာ အသိမှတ်ပြုရေး ကြိုးပမ်းချက်ဟုလည်း မှတ်ယူနိုင်သည်။ အင်အားကြီး တရုတ်နိုင်ငံ အပါအဝင် အိန္ဒိယနှင့် လာအိုနိုင်ငံ စသည်ဖြင့် လက်ရှိတွင် နိုင်ငံ (၃) ခုသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်ခေါင်းဆောင်၏…
စစ်မှုထမ်းဥပဒေနှင့် မွန်‌ဒေသ၏ လူမှု-စီးပွားအပေါ် ထိခိုက်မှု

စစ်မှုထမ်းဥပဒေနှင့် မွန်‌ဒေသ၏ လူမှု-စီးပွားအပေါ် ထိခိုက်မှု

စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ ပြည်သူအပေါ် ကွင်းစက်အလိုက် ခေါင်းပုံဖြတ်နေသည့် အာဏာသိမ်းစစ်အုပ်စု၏ နိုင်ငံရေးဦးဆောင်မှုကြောင့် မွန်ဒေသတွင်း လူလတ်ပိုင်းများ ပြည်ပသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနေကြရာ၊ ၂၀၂၆ ခုနှစ်၊ ပထမ ၄ လအတွင်းမှာတင် မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း IOM က ထုတ်ပြန်ထားသည်။ ဤအခြေအနေသည် အာဏာသိမ်း၍ သမ္မတတက်လုပ်နေသော ဦးမင်းအောင်လှိုင်၏ နိုင်ငံရေးလမ်းခရီးသည်…
မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

မွန်နှင့် တောင်ပိုင်းဒေသ (၁၄) မြို့နယ် လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ

ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ  (RICE) မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ တစ်လအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ စစ်ရေးပဋိပက္ခများ၊ တိုက်ပွဲများနှင့် အရပ်သားထိခိုက်မှု အခြေအနေ များကို သုတေသီများက အနီးကပ် လေ့လာစောင့်ကြည့် လေ့လာလျက်ရှိပါသည်။ ယခုလေ့လာမှုနယ်ပယ်၌ မွန်ပြည်နယ် (၁၀) မြို့နယ်၊ ကရင်ပြည်နယ်မှ ဘားအံ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး (၃) မြို့နယ်နှင့်…
မွန်ပြည်အတွင်း စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု အားကောင်းလာ

မွန်ပြည်အတွင်း စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု အားကောင်းလာ

နိဒါန်း (၂၀၂၆) ခုနှစ် မေလ (၁၅) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အထိ ကာလအတွင်း မွန်ပြည်နယ်၏ စစ်ရေးပဋိပက္ခအခြေအနေသည် မြေပြင်တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း စစ်ရေးဖိအားနှင့် တင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိပေ။ တစ်လတာအတွင်း မွန်ပြည်နယ်၌ တိုက်ပွဲ (၂) ကြိမ်သာ ဖြစ်ပွါးခဲ့ပြီး ယင်းတို့မှာ ဘီးလင်းမြို့နယ်အတွင်း၌ တစ်ရက်တည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း…
လူမှု-စီးပွားဆိုင်ရာ အစီရင်ခံစာ

လူမှု-စီးပွားဆိုင်ရာ အစီရင်ခံစာ

(၆)လတာ လူမှု-စီးပွားဆိုင်ရာအစီရင်ခံစာ-၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း သက်တမ်းရှည်လာခဲ့သည့် နိုင်ငံရေးအကျပ်အတည်းများသည် ၂၀၂၅ ခုနှစ် နှင့် ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲလွန်ကာလအထိ လျော့ပါးသွားခြင်းမရှိဘဲ စစ်ရေး၊ မူဝါဒရေးရာနှင့် လူမှု-စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ဖြစ်ပေါ်စေလျက်ရှိသည်။ လက်ရှိအချိန်တွင် မွန်ပြည်နယ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ နွေဦးတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်အုပ်စုတပ်များအကြား စစ်ရေးအရ အားပြိုင်မှုများနှင့်အတူ ဘက်စုံသက်ရောက်မှုကို ပြည်သူများက…
စစ်ခေါင်းဆောင်၏ ဖက်ဒရယ်အပေါ် အမြင်နှင့် တိုင်းရင်းသားနိုင်ငံရေး အခြေခံကွဲလွဲချက်

စစ်ခေါင်းဆောင်၏ ဖက်ဒရယ်အပေါ် အမြင်နှင့် တိုင်းရင်းသားနိုင်ငံရေး အခြေခံကွဲလွဲချက်

နိဒါန်း (၂၀၂၆) ခုနှစ် မေလကုန်ပိုင်းတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင် တည်ဆောက်မည်” ဟု ပြောကြားခဲ့ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာလည်း “နယ်မြေဒေသကို ပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကို ပေးသည့် ဖက်ဒရယ်မဟုတ်” ကြောင်း ထပ်မံရှင်းလင်း ပြောဆိုခဲ့သည်။[1] ယင်းပြောဆိုချက်များသည် စစ်အစိုးရအနေဖြင့် ဖက်ဒရယ်စနစ်ကို လက်ခံလာသည့် လက္ခဏာတစ်ရပ်အဖြစ်…