မွန်ပြည်၏ ရွေးကောက်ပွဲနှင့် လုံခြုံရေးအခြေအနေ
နိဒါန်း
ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးဆိုင်ရာအကြောင်းအရာများကို အသားပေးတင်ပြပေးသွားမည်ဖြစ်ပါသည်။ အကြောင်းအရာများမှာ အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအတွက် အင်အားချထားမှုနှင့် လှုပ်ရှားမှုများ၊ တော်လှန်ရေးအင်အားစုများနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် အရပ်သားများအပေါ် သက်ရောက်မှုများကို လေ့လာသုံးသပ်ထားခြင်း ဖြစ်ပါသည်။
ကြံ့ဖွံ့ရှုံးသော ဘီလူးကျွန်း၊ MUP အောင်ပွဲနှင့် ကတိကဝတ်စိန်ခေါ်မှု
နိုင်ငံရေး ကဏ္ဍ
အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်
ဇန်နဝါရီလ ၉ရက်နေ့ ၊ ၂၀၂၅ ခုနှစ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အပိုင်း (၁) ရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဆက်တိုက်ထုတ်ပြန်လျက်ရှိသည်။ နိုင်ငံအနှံ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရာနှုန်းပြည့်နီးပါး အနိုင်ရရှိသော်လည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) တွင် နှစ်နေရာ ရှုံးနိမ့်ခဲ့သည်။ မွန်ညီညွတ်ရေးပါတီ (MUP) က လွှတ်တော်နှစ်ရပ်စလုံးတွင် အနိုင်ရရှိခဲ့သော်လည်း ပြည်နယ်လွှတ်တော်နေရာတွင်မူ ကြိုတင်မဲများကြောင့် ရလဒ်ပြောင်းပြန်ဖြစ်သွားခဲ့သည့် ဖြစ်စဉ်ကလည်း ဒေသတွင်းဝေဖန်မှုများကို မြင့်တက်စေခဲ့သည်။
ချောင်းဆုံကျောက်မီးသွေးစီမံကိန်းအပေါ် လူမှု-စီးပွားနှင့် အခွင့်အရေးဆိုင်ရာ လေ့လာဆန်းစစ်ခြင်း
နိုင်ငံတကာတုံ့ပြန်မှု (ဟန်ပြရွေးကောက်ပွဲနှင့် စစ်ရာဇဝတ်မှုများအကြားက အကျပ်အတည်း)
ရွေးကောက်ပွဲနှင့်အပြိုင် လုံခြုံရေးစိုးရိမ်ရမည့် ရေး
လစဉ် စစ်ရေးပဋိပက္ခ အချက်အလက် ဆိုင်ရာ အစီရင်ခံစာ
မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒနှင့် သဘောထားကွဲလွဲမှုများ
နိုင်ငံရေး ကဏ္ဍ
အပတ်စဉ်ငြိမ်းချမ်းရေးသုံးသပ်ချက်
ဒီဇင်ဘာလ ၇ရက်နေ့ ၊ ၂၀၂၅ ခုနှစ်
နိဒါန်း
များမကြာမီကာလတွင် ကျင်းပတော့မည့် မြန်မာ့အာဏာသိမ်း စစ်အုပ်စု၏ (၂၀၂၅) ခုနှစ်ရွေးကောက်ပွဲတွင် မွန်တို့၏ နိုင်ငံရေးပါတီဖြစ်သော မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မွန်ညီညွတ်ရေးပါတီ၏ ရွေးကောက်ပွဲ မူဝါဒသဘောထားများကို အာဏာသိမ်း စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့ရုင်မြင်သံကြားမှ ထုတ်ပြန်ထားပြီး ပါတီ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပြန်လည်ဖော်ပြထားသည်ကို တွေ့ရပါသည်။ ယ္ခုသုံးသပ်ချက်စာတမ်းတွင် ထိုထုတ်ပြန်ထားသည့် မွန်ညီညွတ်ရေးပါတီ၏ မူဝါဒသဘောထားများကို အသားပေးသုံးသပ်တင်ပြသွားမည်ဖြစ်ပါသည်။ ထို့အပြင် စစ်အုပ်စု၏ (၂၀၂၅) ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းများ၏ သဘောထားရပ်တည်ချက်တချို့ကိုလည်း ကောက်နုတ်ဖော်ပြသွားမည်ဖြစ်ပါသည်။
စစ်အုပ်ချုပ်ရေးအောက်က စက်သုံးဆီပြတ်လပ်မှုပြဿနာ
၁။ မွန်ပြည်နယ် စက်သုံးဆီ ဖြန့်ဖြူးရေးကဏ္ဍ အကျပ်အတည်းနှင့် လူမှု-စီးပွား တည်ငြိမ်မှုအပေါ် သက်ရောက်မှု
စစ်အာဏာသိမ်းပြီးနောက်ပိုင်းကာလတွင် မွန်ပြည်နယ်သည် ၎င်း၏ စက်သုံးဆီ ဖြန့်ဖြူးရေးစနစ်ကို ရန်ကုန် (သီလဝါဆိပ်ကမ်း) မှ မုဒုံမြို့နယ်ရှိ Puma International Port Terminal (ရာဇာမင်း ဆိပ်ကမ်း) သို့ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်းခဲ့သည်။[1] ဤစနစ်ပြောင်းလဲမှုသည် ဆီပန့်မလုံလောက်မှု၊ နယ်စပ်ဒေသသို့ တရားမဝင် တင်ပို့မှုများ နှင့်အတူ စီမံခန့်ခွဲမှု အားနည်းချက်များ ကစက်သုံးဆီ ပြတ်လပ်မှုနှင့်ဈေးနှုန်းမြင့်တက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။









